အငြိုးဖြင့်ရွှာသွန်းခြင်းမရှိသော မိုးကို ကျွန်တော်ဒီနေ့အပြင်တင်မိသည် ။ တဖြောက်ဖြောက်နှင့် မိုးစက်အချို့ သက်စင်းလာလိုက် .. ပြတ်တောက်လိုက် ဖြစ်နေသော ဒီမိုးကို ကျွန်တော်အခု မုန်းသည် ။
ကိုယ် မင်းကို မမေ့နိုင်ဘူး ဉာဏ်....
ပေါက်ခနဲ့စီးဆင်းသြားသော မျက်ရည်က ကိုကိုနှင့်ပက်သက်လျှင် ကျွန်တော်ကညံဖျင်းသူမှန်းသက်သေပြသည် ။ ကိုယ်စီပြောခဲ့သာ စကားတိုကိုပြန်ကြားချိန်တွင်
နားနှစ်ဖက်ကို လက်ဖြင့် ဖိနှိပ်ကာ ပိတ်ပစ်လိုက်သည် ။မနက်ဖြန် ခေတ်တို့ လက်ထပ်တော့မယ် ........
ကြားခဲ့ရသော ကိုခွန်း၏စကားတို့ကို ပြန်ကြားရင်း ခံစားရသည့်က ခံရခက်သည့်အသက်ငင်ဝေဒနာထက်ပိုဆိုးသည် ။ ကျွန်တော်ကိုယ်တိုင်သတ်မှတ်လိုက်ပေမယ့်လည်း ခုထိအဆင်သင့်မဖြစ်သေး ။
" ကိုဉာဏ် ....... "
သွင်က အခန်းထဲကိုဝင်လာသည့်ကြောင့် ဉာဏ်ကမျက်ရည်တို့ကိုသုတ်လိုက်သည် ။ သို့သော် နီရဲနေသော နှာခေါင်းနီနီလေးက ငိုထားမှန်းသိထားသည် ။
" အင်း သွင်...... "
သွင်ကစရောက်တည်းက ဉာဏ်ဘေးနားတွင်ထိုင်သည် ။ ဆေးရုံကဆင်းကာစမို့ ဒဏ်ရာတွေက အကင်းပျောက်သေးသည်မဟုတ် ။ ဉာဏ်လက်ဖဝါးတစ်ဖက်ကို ဆုပ်ကိုင်ကာ ဉာဏ်မျက်ဝန်းတို့ကိုစိုက်ကြည့်ကာ မေးလေ၏။
" သွင်ကြောင့်မှတ်လား ကိုဉာဏ် ...... "
" ဘာကိုလဲ သွင် ...... "
" မသိချင်ယောင်မဆောင်ပါနဲ့ ကိုဉာဏ် ..... သွင်အကုန်ကြားပြီးပြီ ....... "
" သွင်ကြောင့်မဟုတ်ပါဘူး .......... "
ပြတင်းပေါက်အား ခပ်ထွေထွေကြည့်နေသော ဉာဏ်ကို သွင် အကဲခတ်နေမိသည် ။ စိတ်နှင့်နာမ် ကွာခြားနေသော လူတစ်ယောက်ထက် ဘာမှမထူးခြားတော့ပါ .. ။
" ကိုခေတ် ကို ချစ်ရတာ အရမ်းနာကျင်ရလို့လား.... "
ခပ်ဝေးဝေးငေးနေသော မျက်ဝန်းတို့က တစ်ချက်အသက်ဝင်ကာ သွင်ဆီကို ဆိုက်ရောက်သည် ။ မျက်ဝန်းတို့၌ ဖြစ်တည်နေသော အဖြေမှန်က သွင်မေးခွန်းနဲ့လားလားမျှ မဆိုင် ။
YOU ARE READING
နှလုံးသားစီရင်ခန်း (နှလုံးသားစီရင်ခန်း )
Romanceရွေးချယ်ခွင့်မရှိတဲ့ နှလုံးသားမို့ ......