" ခင်ဗ်ားကလေ တော်တော်နှာဗူးထတဲ့လူ သိလား....."
ဖိုးသားတစ်ယောက် ဖုန်းထဲ၌ မိန်းကလေးတွေ၏အသားပေးရိုက်ချက်တွေကို ကြည့်ရင်း သဘောတွေ့နေလေသည် ။ သိပ်မကြာပါ သူနားသို့လာကာ ပူညံပူညံလာလုပ်နေသော ညိုဆက်သွင်ကြောင့် ဖီးလ်ပျက်ရလေသည် ။
" ဘာဖြစ်လဲ ယောကျာ်လေးပဲ ကြည့်မွာပေါ့ ၊ မင်းကမှ ငါကိုမြင်ရင် အပြစ်တင်ဖို့ချည်းပဲ နေပါအုန်း ဧကန္တ မင်းငါကို ကြိတ်crushနေတာလား...."
ဖိုးသားပြောလိုက်သောစကားကြောင့် သွင်၏အကြည့်တို့သည် ဂဏာမငြိမ်ဖြစ်လာလေသည် ။ မသိမသာလှုပ်ရှားသွားသော နှလုံးသားကို မျက်ကွယ်ပြုရင်း အသံဖြင့် ပြဲလန်စြာ အော်လေသည် ။
" ဘာ .....ခင်ဗျားလို လူယုတ်မာကို ကြိုက်စရာလား"
" မသိပါဘူး မင်းငါ့ကိုများ သဝန်တိုနေတာလားလို့..."
" သဝန်တိုတယ် ဟုတ်လား ...ခင်ဗျားရုပ်ရည်ကို မှန်ထဲမွာသေချာကြည့်ပြီးမှ ကျွန်တော့်ကို အဲ့စကားလာပြော..........."
" မင်းကလေ သူများအိမ်ကိုလည်း လာလည်သေးတယ် စွာတာကလည်း ကပ်ကပ်လန်နေတာပဲ......"
" ဒါခင်ဗျားအိမ်မှ မဟုတ်တာ ကိုခေတ်အိမ်......"
မိမိရှေ့တွင် ကပ်ကပ်လန်အောင် ရန်တွေ့နေသော ထိုလူသားအား ထုထောင်းပစ်ချင်သည့့်တဖွားဖွားထွက်ပေါ်လာသည် ။ အလုပ်ပိတ်ရက်လေး ခေတ်ကဉာဏ်နဲ့တွေ့ချင်သည်ကြောင့် မိမိမွာ ဦးဆက်သွင်ဆီတွင် ခွင့်တောင်းကာ ခေါ်ခဲ့သည် ။
ဒါကိုပင် အထူအပါးနားမလည်သော အဖျက်သမားက လိုက်မယ်တကဲကဲလုပ်နေသဖြင့် ခေါ်ခဲ့ရသည် ။ အခုတော့ ဉာဏ်နဲ့ခေတ်က မုန့်လုပ်စားဖို့ပြင်နေသည်ကို သူက ဝိုင်းမလုပ်ဘဲ မိမိအနားသို့လာကာ စကားပြောနေသည် ။
" မလောက်လေး မလောက်စားနဲ့ ငါနော် .....ဟင်း......."
ဘာမှမပြောချင်တော့သည်မို့ နားကြပ်ကို တပ်ဆင်ကာ ဆိုဖာပေါ်တွင် လှဲအိပ်ပြီး အသံကို အမြင့်ဆုံးလုပ်လိုက်သည် ။ ဒါကိုပင်မကျေနပ်သောသူက နား အနားတွင်ကပ်ကာ အော်ပြောနေသေးသည် ။
YOU ARE READING
နှလုံးသားစီရင်ခန်း (နှလုံးသားစီရင်ခန်း )
Romanceရွေးချယ်ခွင့်မရှိတဲ့ နှလုံးသားမို့ ......