ခြံထဲသို့ တဖြည်းဖြည်းဝင်လာသော ကားက စင်ဝင်အောက်တွင် ရပ်လိုက်လေသည် ။ ပြောင်လက်သောကားနှင့် တည်ရှိနေသော အိမ်၏ထည်ဝါမှုက လိုက်ဖက်လှသည် ။ အဖြူရောင်ဆေးသုတ်ထားသော တိုက်ကြီး၏အပြင်အဆင်က အစ ဆန်းပြားနေသည် ။
" သား ဆင်းလေ......"
ဦးသွင်ခန့် က ကားထဲတွင် ထိုင်နေသောဉာဏ်ကို အောက်ဆင်းရန်ပြောလေသည် ။ ဒေါ်ဝေဝေက ကားပေါ်ကဆင်းလိုက်ပြီး ဉာဏ်ကိုပါ ဆင်းရန်ပြောလိုက်သည် ။
" ဒါ ကျွန်တော်တို့ အိမ်သစ်လား ဖေဖေ ....."
" အင်း......"
ဦးသွင်ခန့်၏စကားအဆုံး မြင့်မားသော နှစ်ထပ်တိုက်ကို ဘယ်ပြန်ညာပြန် သေချာကြည့်လေသည် ။ ကျယ်ဝန်းသော ခြံနှင့် အစီအရီထားသော ပန်အိုးများက ဉာဏ်မျက်လုံးထဲ အလှဆုံးဖြစ်သည် ။
စိမ်းမြမြမြက်ခင်းအလယ်တွင် ပေါက်နေသော စကားပန်းပင်လေးနားသို့ ဉာဏ်ကရွှင်ပြစွာ လျှောက်သွားသည် ။ အဖြူရောင် ရှပ်အကျီနှင့် ပုဆိုးရေညှိရောင် အကွတ်စိပ်စိပ်လေးက သေးသွယ်သော သူ့ခန္ဓာကိုယ်တွင် တင်တယ်စြာ တည်ရှိလေသည် ။
အရင်ကနေလောင်သော အသားအရေ အစား ဖြူလွှသောအသားအရေများပိုင်ဆိုင်ထားလေသည် ။ ဖြူလွှနေသော ခြေထောက်တွင် ခြေညှပ်ဖိနပ်အနက်ရောင်က ပေါ်လွင်စွာရှိနေပြီး ခြေဆစ်နားတွင်တော့ ကြီးမားသော အမာရွှတ်က ခုထိရှိနေသေးသည် ။
မြက်ခင်းများကို ခြေထောက်ဖြင့််တို့ထိရင်းကစားနေသော ဉာဏ်ကိုကြည့်ပြီး ဒေါ်ဝေဝေမျက်ဝန်းထောင့်မွာ မျက်ရည်တို့ကိုသုတ်လိုက်သည် ။
" ဝေ......"
ဒေါ်ဝေဝေက ဦးသွင်ခန့်ကိုပြုံးပြပြီး မျက်ရည်တို့ကိုသုတ်လိုက်သည် ။ ဦးသွင်ခန့်က ဒေါ်ဝေဝေကိုဖက်ပြီး ပခုံးတို့ကိုပုတ်ပေးကာ အားပေးနေလေသည် ။
" ကြည့်ပါအုန်း အကိုရယ် သားပျော်နေတာ.....၊ ခြောက်နှစ်လုံးလုံး အိမ်ထဲမွာနေခဲ့လို့ ထင်တယ်...."
" သားကို တစ်ခေါက်လိုက် အပြင်ပေးထွက်ခဲ့သင့်တာ ....၊ အကိုတို့ အစိုးရိမ်လွန်ပြီး အခန်းပိတ်ထားတာ မှားတယ်ထင်တယ်နော် ဝေ....."
YOU ARE READING
နှလုံးသားစီရင်ခန်း (နှလုံးသားစီရင်ခန်း )
Romanceရွေးချယ်ခွင့်မရှိတဲ့ နှလုံးသားမို့ ......