Part-19

7.7K 562 29
                                    

" သား မနက်ဖြန် ထိုင်းကိုပြန်ချင်တယ် ဖေဖေ......"

တိတ်ဆိတ်နေသော မိသားစုထမင်းဝိုင်းတွင် သွင်စကားက ပြတ်သားစြာ ပေါ်လွင်လာသည် ။ ဦးသွင်ခန့်နှင့် ဒေါ်ဝေဝေတို့သားအမိ၏ အကြည့်သည် ထမင်းကိုခုထိ တစ်လုတ်မသွင်းသော သွင်ဆီမွာသာ ။

" ဘာလို့လဲ ......သားငယ် ....မေလေးတို့နဲ့နေရတာ အဆင်မပြေလို့လား......"

ဒေါ်ဝေဝေအမေးကို သွင် ခေါင်းခါပြလေသည် ။

" ဖေဖေကတော့ မသြားစေချင်တော့ဘူး.......သား အသက်လည်းငယ်တော့တာ မဟုတ်ဘူး ကျောင်းပြီးတည်းက ဟိုနဲ့ဒီကို အသွားအပြန်လုပ်နေတာ ၊ ဟိုမှာ မင်းမေမေလည်းရှိတော့တာ မဟုတ်ဘူး....."

" အန်တီတို့ကို သတိရလို့ပါ ဖေဖေ......၊ ခဏလောက် အဲ့မွာနေပြီး ပြန်လာခဲ့ပါမယ် ......."

" သွားချင်လည်း သြားပါ.....သားပြန်လာတာနဲ့ ကုမ္ပဏီကို သားကို ဖေဖေလွဲပေးဖို့ စီစဉ်ထားပြီပြီး ...."

" ကျွန်တော် အလုပ်မလုပ်ချင်သေးဘူး.........."

" အဲ့ဒါဆို ထိုင်းကိုသွားမယ့်ကိစ္စ ဖေဖေ ပြန်စဉ်းစားရလိမ့်မယ် ........... "

ဦးသွင်ခန့်၏စကားကိုကြားသည်နှင့် သွင်သက အပေါ်ထပ်ကို ချက်ချင်းတက်သြားလေသည် ။ လစ်ဟင်းသြားသော သွင်နေရာနှင့်အတူ ကျန်ရှိသောပန်းကန်ရှိ ထမင်းတို့သည် ပုံစံမပျက်သာ ရှိနေဆဲပင် ။

" မေမေ ကျွန်တော် သွင်နောက်လိုက်သွားလိုက်အုန်းမယ်......."

" အင်း........."

အနောက်ကနေလိုက်သြားသော ဉာဏ်ကိုကြည့်ပြီး ဦးသွင်ခန့်သက်ပြင်းဖွဖွချမိသည် ။

" သွင် ဘာဖြစ်နေတယ်လို့ ထင်လဲ ဝေ......."

" ဝေလည်း မသိဘူး အကို .......ခုရက်ပိုင်း အခန်းအောင်းနေတာကိုတော့ သတိထားမိတယ်......."

" .......ဟူး........"

" အဆင်ပြေလား........သွင်........"

စောင်ပုံထဲကနေ သူပုံစံအတိုင်း ok sign လုပ်ပြပြန်သည် ။ သူ၏လက်ညိုးနှင့်လက်မထိစပ်ထားရာ နေရာကို ကျွန်တော်လက်ဖြင့် ခွာလိုက်သည် ။

နှလုံးသားစီရင်ခန်း (နှလုံးသားစီရင်ခန်း )Where stories live. Discover now