Part-31 (Final )

19.6K 753 64
                                    

ကြမ်းတမ်းသော အောက်ကြမ်းပြင်၌ နှိုင်းရူပ အမည်တစ်ခုကို ပဲ့ကျေနေသောအပိုင်းအစတစ်ခုဖြင့် ရေးခြစ်နေသည် ။

" ခေတ် .......... "

သိမ်ငယ်မှုတို့ နှင့် တင်းခံထားသော မျက်ရည်စက်က ထိုစလုံးလေးပေါ်ကို ပေါက်ခနဲ့ကျသည် ။ ပုံမှန်ဆို သေချာပြုပြင်ထားသော ဆံပင်တို့ကို စည်း​ြကိုးတစ်ခုဖြင့် တုတ်နှောင်ထားသည် ။

" သမီး........ "

သံတိုင်အပြင်ဘက်က ဦးမင်းခေတ်၏ ခေါ်သံကြောင့် နှိုင်းရူပ ဟန်မဆောင်နိုင်စြာ ထကာ အနီးသို့ပြေးသွားမိ၏ ။

" သမီး ခေတ်ကို မသတ်ခဲ့ပါဘူး ဒယ်ဒီရယ် ..... သမီးလေ.....အင့် ...... "

ဦးမင်းခေတ်၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်ရင်း နှိုင်းရူပ စကားတို့ ပျောက်ရှကုန်သည် ။

" ဒယ်ဒီသိပါတယ် သမီးရယ် ........ "

" သမီးကို ဒီထဲက ထုတ်ပေးပါ ဒယ်ဒီ ၊ သမီးဒီနေရာမှ မနေချင်ဘူး..... နေရတာလည်း ညစ်ပတ်သလို အရမ်းလည်းမှောင်တယ် .... ခြင်တွေလည်းကိုက်တယ် ... အသက်ရှုလည်း မဝဘူး ...ပြီးတော့ ဒယ်ဒီနဲ့ခေတ်လည်းမရှိဘူး... သမီးကို ဒီထဲက ထုတ်ပေးမယ် မှတ်လားဟင် ဒယ်ဒီ ....... "

မျှော်လင့်ခြင်းမျက်ဝန်းဖြင့် မေးနေသော နှိုင်းရူပ ကို ဦးမင်းခေတ် ပြန်ဖြေနိုင်စွမ်းမရှိတော့ပါ ။ စည်းကမ်းမဲ့စြာ ကားမောင်းမှုနှင်အတူ လူသတ်ဖို့ပါကြံရွယ်ထားကြောင်းကို cctv၌ ရဲတွေကအတည်ပြုပြီးမို့ ဦးမင်းခေတ်လက်လျော့လိုက်ရသည် ။

" ဒယ်ဒီ တောင်းပန်ပါတယ် သမီးရယ် ...... "

" ဒယ်ဒီ အဲ့လိုမပြောပါနဲ့ .. ၊ ဒယ်ဒီပြောတော့ သမီးကို ကာကွယ်မယ်ဆို ......ဒယ်ဒီ ... ဒယ်ဒီ ..... "

နှိုင်းရူပခေါ်သော်လည်း ဦးမင်းခေတ် ထိုနေရာမှ ရင်နာနာဖြင့် ထွက်ခွာလာခဲ့သည် ။

ခင်ဗျားချစ်ခြင်းတော့မသိဘူး ... ကျွန်တော်ချစ်ခြင်းတွေက တစ်ယောက်ကို တစ်ယောက် ဖေးမရင်း ၊ ပေးဆပ်ရင်း ကောင်းမွန်စြာ အဆုံးသတ်နေမှာမို့
ခင်ဗျားလုပ်ခဲ့တာတွေအတွက် ဝဋ်မလည်ပါစေနဲ့

နှလုံးသားစီရင်ခန်း (နှလုံးသားစီရင်ခန်း )Where stories live. Discover now