" မမ........."
ရုံးဆင်းချိန်၌ ကုမ္ပဏီအနားက ကော်ဖီဆိုင်တွင် လာတွေ့ရန်ပြောသော မမကို လိုက်ရှာမိသည် ။ ချောင်ကျကျနေရာတွင် ထိုင်နေပြီး အပြင်သို့ငေးနေသော မမကို ခေါ်လိုက်သည် ။
" ထိုင်လေ ခေတ်........"
မျက်နှာချင်းဆိုင်ဝိုင်းတွင် ဝင်ထိုင်ပြီး မမနည်းတူ အပြင်သို့ငေးနေမိသည် ။
" အိမ်ကိုပြန်မလာတော့ဘူးလား ခေတ်......."
ကျွန်တော်ဘာဖြေမယ်သိရက်သားနဲ့ မမမေးခွန်းထုတ်သည် ။ ဒယ်ဒီဆီကခွင့်တောင်းသည့်နေမှစ၍ ကျွန်တော်အိမ်သို်မပြန်တော့ပါ ။ ဉာဏ်လည်း ကျွန်တော်နဲ့တူတူနေကာ သူအိမ်သို့မပြန်ခဲ့ပါ ။ လက်ထက်ဖို့အတွက် နှစ်ယောက်သား စီစဉ်စရာရှိတာ စီစဉ်နေကြခြင်းပင် ။
" ကျွန်တော်မလာတော့ဘူး မမ ၊ ကျွန်တော်တွက် ဂုဏ်ပြုချင်ရင်တော့ မမနဲ့ ဒယ်ဒီ ကျွန်တော်တို့လက်ထက်ပွဲကို လာခဲ့ပေးပါ....."
" ဒယ်ဒီ ဘယ်လောက်စိတ်မကောင်းဖြစ်နေလဲ မင်းသိလား ခေတ် ၊ ခေတ်တရာ စံအိမ်ရဲ့အေမွဆက်ခံသူအနေနဲ့တောင် မင်းကို သမက်တော်ချင်တဲ့သူတွေ မမတို့အသိုင်းအဝိုင်းမွာ အများကြီးပါ...."
ထိုစကားကို ပြောလိုက်ရပေမယ့် မိမိစိတ်ထဲပါသည်တော့မဟုတ် ။ မိမိတို့အသိုင်းအဝိုင်းတွင် ခေတ်ကိုသမက်တော်ချင်သည့် လူများလှသည် ။ မိမိသည် အဲ့တာတွေ လုံးဝမကြိုက် ။ မိမိသည် ခေတ်ကိုဂရုစိုက်သလို့ ခေတ်ကလည်း မိမိကိုဘဲ ဂရုစိုက်ရမည် ။
" ကျွန်တော်လည်း စံအိမ်ရဲ့အေမွဆက်ခံသူဖြစ်လို့သာ ဉာဏ်နဲ့ဝေးခဲ့ရတာပါ မမ.......၊ သာမန်လူတစ်ယောက်ဆိုရင် ဉာဏ်နဲ့အမြန်ဆုံးနီးစပ်ခဲ့တာကြာပြီပေါ့ ...."
ခေတ်ပြောလိုက်သော စကားတိုင်းသည် မိမိကို တိုက်ရိုက်ထိမှန်သည် ။ စားပွဲပေါ်မတင်ထားဘဲ ပေါင်ပေါ်တွင် ထားသော လက်နှစ်ဖက်ဆုပ်ကိုင်မှုသည် ပို၍တင်းကျပ်လာသည် ။ သူကိုအရမ်းချစ်လား မိမိမမေးမိတော့ပါ ။ ခေတ်မျက်ဝန်းကနေ့တစ်ဆင့် သိနိုင်သည် ။
" မနက်ဖြန် တကယ်ဘဲ မင်းတို့ လက်ထပ်မွာလား ခေတ်......."
မဟုတ်ဘူးလို့ဖြေပေးပါ.........မင်းနှုတ်ဖ်ားက ပြောမယ့်စကားတိုင်းက ငါအတွက် အဖြေမို့....
YOU ARE READING
နှလုံးသားစီရင်ခန်း (နှလုံးသားစီရင်ခန်း )
Romanceရွေးချယ်ခွင့်မရှိတဲ့ နှလုံးသားမို့ ......