" ကျွန်တော်ဒီထက်ပိုပြီး သည်းမခံနိုင်တော့ဘူး ......ဒယ်ဒီ ၊ သူမ်ားတွေနောက်မှ ကျွန်တော့်ကို အသိပေးတာ ဘာသဘောလဲ ဒယ်ဒီ ......."
ပေါက်ကွဲသံတို့သည် ဧည့်ခန်းအတွင်းထဲ ဟိန်းထွက်နေဆဲ ။ ပြဿနာသည်က ခေတ်လွန်းစေ၏သဘောတူညီမှုမယူဘဲ ဦးမင်းခေတ်၏ စီစဉ်မှုကြောင့်ပင် ။
" မင်းကို အသိမပေးဘူးဆိုတာ အခုမင်းဖြစ်နေတဲ့ပုံစံကို မြင်ရမှာ သိနေလို့ဘဲ ........."
" ဒယ်ဒီဗ်ာ တကယ်လုပ်ရက်တယ် .......ကျွန်တော် ဉာဏ်နဲ့ အဆက်အသွယ်ဖြတ်ထားတာတောင် မလုံလောက်သေးဘူးလား........."
ဦးမင်းခေတ်မွာပြောစရာစကားတို့မရှိတော့ ။ ယခုလိုပြုလုပ်ရခြင်းကလည်း လူတစ်ယောက်အား မိမိပေးထားခဲ့သော ကတိတစ်ခုကြောင့်သာ ။
" မင်း လက်ထပ်မယ့် ကိစ္စကို ဒယ်ဒီ အကုန်လုပ်ပြီးသွားပြီ .............."
မျက်ရည်တွေ ရစ်ဝိုင်းနေသော မျက်ဝန်းတို့သည့် အရာအားလုံးကို စိတ်လျော့လိုက်ဟန် ထင်ရှားသည် ။ ချက်ချင်းမတ်တပ်ရပ်လိုက်သည့် သားက မိမိကို တစ်ချက်လှည့်မကြည့် ။
" မင်းနဲ့လက်ထပ်မယ်သူနာမည်ကို မမေးတော့ဘူးလား........."
လက်သီးဆုပ်ကို တင်းတင်းဆုပ်ပြီး ကျောခိုင်းသြားသော သား၏ကျောပြင်ကိုသာ ခပ်ထွေထွေ ငေးကြည့်နေမိသည် ။ ဘာစကားတစ်ခွန်းမှ မတုန်ပြန်သေးခင် သား၏ပြင်းရှသော အသက်ရှုသံကို ကြားလိုက်ရသည် ။
" ဉာဏ်မဟုတ်တဲ့အခြားတစ်ယောက်ဆိုတာ သေချာနေပြီဘဲ ဒယ်ဒီရယ် ၊ ကျွန်တော်က ဘာမေးရအုန်းမွာလဲ ........"
ယခုတော့ ဧည့်ခန်းထဲမွာ မိမိတစ်ယောက်တည်း ။ သားလည်း မရှိသလို့ ဘယ်သူမှ မိမိအနားမရှိကြ ။
" ဘယ်သူမွာ လိုက်မလာနဲ့ ....."
မိမိအပြင်ထွက်မည်ဆိုတာနဲ့ အဆင်သင့်ဖြစ်နေသော ထိုလူတစ်စုကို အော်ဟစ်ပစ်လိုက်သည် ။ စက်ကိုအရှိန်တင်လိုက်သည်နှင့် အလိုက်သိစြာ ခြံတံခါးကို ဖွင့်ပေးကြသည် ။
ခြံထဲက ထွက်ထွက်ချင်း ကားကို ဝိုက်လိုက်သည့်ကြောင့် လဲကျသြားသောအရာတစ်ခု ။ ဘတ်မှန်မှတစ်ဆင့် ကြည့်မိတော့ လူတစ်ယောက် ။ ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထားသည့်ကြောင့် မျက်နှာကို သေချာမမြင်ရ ။ ကားတံခါးကို အမြန်ဖွင့်ပြီး ထိုလူအား ပခုံးမှကိုင်ကာ မတ်တပ်ရပ်စေလိုက်သည် ။ ခုထိ မျက်နှာမမော့လာသေး ။
YOU ARE READING
နှလုံးသားစီရင်ခန်း (နှလုံးသားစီရင်ခန်း )
Romanceရွေးချယ်ခွင့်မရှိတဲ့ နှလုံးသားမို့ ......