တည်ငြိမ်နေသော ကန်ရေပြင်နှင့် ဆန်ကျင်ဘက်အလား ကျွန်တော့််နှလုံးသားတစ်ခုလုံး ဗြောင်းဆန်နေသည် ။ တစ်စကနေ တစ်စသိလာသော ဦးသွင့်ခန့်တို့၏အကြောင်းက မိမိကိုခုလိုဖြစ်စေခြင်းဖြစ်သည် ။
မိနစ်အားဖြင့် ကျွန်တော်စောင့်နေသည်မွာ ကြာနေပြီ ။ အခုထိ သူမ မရောက်လာသေးပါ ။ အချိန်အားဖြင့် မွန်းလွဲချိန်သုံးနာရီရှိလေသည် ။ ဖိုးသားပြောသောအချက်အလက်များကို ပြန်စဉ်းစားရင်း မိမိစိတ်ထဲတွင် မေးခွန်းများစွာ တန်းစီနေသည် ။
" မောင်ခေတ်လွန်းစေ........"
နောက်ဘက်က ခပ်တိုးတိုးသံကြောင့် လှည့်ကြည့်လိုက်တော့ ကျွန်တော်မျှော်နေသော သူမပင် ။ လွန်ခဲ့သောအပတ်ထဲက အပြင်မွာစကားပြောကြရန်ချိန်းသော်လည်း လုံးဝငြင်းဆန်နေခဲ့သည် ။ ဉာဏ်ကိုအကြောင်းပြမှာ အခုလိုတွေဆုံခြင်းဖြစ်သည့် ဉာဏ့်မေမေဖြစ်သည် ။
" အန်တီ ထိုင်မယ်နော်........."
ထိုင်နေသော ခုံတန်းဘေးတွင် အစွန်းဘက်သို့အနည်းငယ်တိုးပြီး နေရာပေးလိုက်သည် ။ ခုဆို ကျွန်တော်နဲ့ အန်တီသည် ဘေးချင်းကပ်သာ ထိုင်နေ၍ ကန်ရေပြင်ကို အမျိုးမျိုးသော အတွေးဖြင့် ငေးမောနေကြသည် ။
လွန်ခဲ့တဲ့အပတ်တည်းက အကြောင်းစုံသိပြီး မရေမတွက်နိုင်အောင်ထုတ်ခဲ့သော မေးခွန်းမ်ားက ကိန်းအောင်းနေကြသည် ။
" ဉာဏ်.....က...."
" သားက အတိတ်မေ့နေတာ ၆ နှစ်ရှိပြီ...မောင်ခေတ်လွန်းစေ......"
ဖြတ်ပြောလိုက်သော သူမစကားကြောင့် ကျွန်တော်နှုတ်ခမ်းဖျားရှိ မေးခွန်းမ်ား လွင့်ပြယ်သွားသည် ။ ကန်ရေပြင်တွင် ရှိသော ကျွန်တော်အကြည့်တို့သည် အန်တီမျက်နှာဆီမှာသာ ။
" လွန်ခဲ့တဲ့ 3 နှစ်က မျက်လုံးခွဲစိတ်ခဲ့ပြီး.......... ၊ သားမှတ်ဥာဏ်တွေအတွက်တော့ အန်တီ မကုခဲ့ဘူး "
" ဘာလို့လဲ......."
" သားဘဝထဲမွာ မင်းဆိုတာ မရှိသင့် ၊ မမှတ်မိသင့်တဲ့ လူတစ်ယောက်မို့ ........"
လေးလံလာသော ရင်အစုံက တင်းကျပ်ပြည့်သိပ်လာသည် ။ နှုတ်ခမ်းဖျားမှာတင် ပျောက်ကွယ်သြားသော စကားလုံးတို့သည် အကြိမ်ကြိမ်အခါခါပင် ။
YOU ARE READING
နှလုံးသားစီရင်ခန်း (နှလုံးသားစီရင်ခန်း )
Romanceရွေးချယ်ခွင့်မရှိတဲ့ နှလုံးသားမို့ ......