Part (1)

2.2K 105 16
                                    

Jaehyun's POV

"ဟင် တစ်တွဲ"

"ဟာ သူက ukeတဲ့လား"

"ဟင် သူတို့ကလည်း ဖြစ်သွားကြပီ"

"ဟော ဒီမှာလည်း တစ်တွဲ"

ကျနော် ဖုန်းကိုကြည့်ရင်း အံသြလွန်းလို့ အာမေဋိတ်များသာ ဆက်တိုက်ထွက်နေတော့သည်..
အကြောင်းမှာ ကျနော့်newsfeedတွင် boy to boyအတွဲများ တစ်တွဲပြီးတစ်တွဲအကြောင်းများတက်လာသောကြောင့်ဖြစ်သည်..

"ဟူးးးးး"

ကျနော် ဖုန်းကိုပိတ်လိုက်ပြီး သက်ပြင်းရှည်ကြီးသာ ချမိသည်

"ဒီလိုဆိုတော့လည်း ငါလည်း ငါ့ဘေဘီလေးကို ဖွင့်ပြောလိုက်ရတော့မလား"

'ဘေဘီ'.. ဘေဘီ တဲ့လား သူ့ကိုကျနော်ပေးထားတဲ့ နာမည်ပြောင်လေးကို ကျနော်ရေရွတ်ရင်း ပြုံးမိလိုက်သည်
သြော်... သူ့အကြောင်းလေး ခဏတဖြုတ်ခေါင်းထဲရောက်လာတာတောင် ကျနော့်ကိုပြုံးစေခဲ့လောက်အောင် သူဟာ ကျနော့်ကို ပြုစားထားပါလား..
ဟင့်အင်း.. သူပြုစားတာမဟုတ်ဘူး ကျနော့်သဘောနဲ့ကျနော် တစ်ဖက်သက်ရူးနေတာ....

ကျနော်ကသာ ချစ်နေတာ.. ဘေဘီကတော့ ကျနော်ချစ်တာကို သိတယ်ဆိုတာထက် ကျနော် ရှိနေတာတောင် သိပါ့မလား...

ကျနော့်ဘေဘီဆိုတာကလေ တခြားမဟုတ်..ကျနော်တို့ အတန်းထဲက Lee Taeyongဆိုတဲ့ ကောင်ကလေး..
ကျနော် ကျောင်းစတက်ကတည်းက သူ့ကိုသတိထားမိတာ..
ရယ်လိုက်တိုင်း ပါးပါးသွားတဲ့ သူ့အပေါ်နှုတ်ခမ်လေးက မြင်လိုက်တိုင်း အူယားစရာ..
ကျောင်းအကျီင်္ီshirtအဖြူလေးဝတ်ထားတာတောင် perfectဖြစ်နေတဲ့ သူ...
တစ်ခါတစ်လေ စာသင်နေရင်း ကျောက်သင်ပုန်းကို စိုက်ကြည့်နေတတ်တဲ့ သူ့ရဲ့ မီးတောက်နေတဲ့ မျက်လုံးတွေကို ခိုးကြည့်နေရတာလဲ ကျနော့်မှာ အမော..
ဒါတွေအပြင် စာလေးကပါတော်တော့ ဆရာ ဆရာမတွေရဲ့ အချစ်တော်ခံလေး

အဘက်ဘက်က ပြည့်စုံနေတဲ့ ဘေဘီ့ကို ကျနော် တစ်ယောက်တည်း သဘောကျတယ်များထင်နေလားဗျာ..
သူ့နောက်ကို လိုက်လိုက်နေတဲ့ မိန်းကလေးတွေကလည်း တသဲသဲ...
တစ်ရက် တစ်ရက် လာလာပေးတဲ့ ပန်းပွင့်တွေ မုန့်ဘူးတွေက သူ့စားပွဲအပြည့်..

Desire (Complete)Where stories live. Discover now