Taeyong's POV
ဒီနေ့ အလွန်အမင်းပျော်ခဲ့ရပါတယ်..
အရမ်း ကြာနေပြီဖြစ်လို့ တုပ်တုပ်မှ မလှုပ်ခဲ့တဲ့ ကျနော့်ရဲ့ စိတ်ထဲက ကိန်းအောင်းနေတဲ့ ပျော်ရွှင်မှုတွေ..၊ ရယ်မောမှုတွေကို သူက တဖန်ပြန်ပြီး နှိုးဆွပေးခဲ့တယ်။ ကျေးဇူးတင်ပါတယ် Jaehyun...ပြီးတော့ အရမ်းလည်း တောင်းပန်ပါတယ်...ရေးနေတဲ့ ဒိုင်ယာရီစာအုပ်လေးကို ကျနော်သိမ်းလိုက်ပြီး အိပ်ရာဝင်လိုက်တယ်။ တကယ်တော့ ကျနော် ဘယ်တုန်းကမှ ဒီလိုတွေရေးဖူးတာမဟုတ်..။ အခုချိန်မှာ ကျနော်ရဲ့ Jaehyunအပေါ်ထားတဲ့ခံစားချက်တွေကို မသိမ်းထားနိုင်တော့လို့ ချရေးနေတာဖြစ်တယ်
💭ထပ်ပြီးတော့ တောင်းပန်ပါတယ်..Jaehyun💭
**************************************
Next Afternoon~~
မနက်ကတည်းကိုက Jaehyunကျနော့်ကို စကားမပြောဘူး..။ ဘာများအစားမှားထားလဲမသိဘူး။ မနေ့က ကိစ္စကိုများရှက်သွားလို့လား??ရှက်ရအောင်လည်း ဘာမှဖြစ်ခဲ့တာမှမဟုတ်တာ။ ကျနော်ကတော့ ဘယ်လိုမှမနေပေမယ့် သူက ဘာလို့ ဒီလိုကြီးဖြစ်သွားတာလဲ?မနေ့က ကျနော့်ကို ပြန်လိုက်ပို့တော့ အကောင်းကြီးတိုင်းပဲရှိပါသေးတယ်..။ ဘယ်လိုများဖြစ်သွားတာလဲမသိ?ကျနော် အဖြေရှာဖို့ 'ထမင်းစားချိန်ရောက်ပီ'ဆိုတဲ့ အကြောင်းပြချက်လေးနဲ့ သူ့ရုံးခန်းထဲကိုခြေဦးတည့်လိုက်တယ်။
*knock knock*
*knock knock knock*
"Nae~~ဝင်ခဲ့ပါ"
ကျနော်အထဲရောက်သွားတာနဲ့ မြင်လိုက်ရတဲ့Jaehyunပုံစံက စာအုပ်တစ်အုပ်ကိုဖတ်နေတာ။ ဒါပေမယ့် သူ့ပုံစံက ကျနော်ဝင်လာမှ ကောက်ဖတ်လိုက်တဲ့ပုံပဲ..။ ကျနော်လည်း တံခါးကိုပြန်ဆွဲပိတ်ရင်း သူ့ကိုမေးခွန်းထုတ်လိုက်တယ်။
"နေ့လယ်ရောက်ပြီ...Boss!ဘာစားမလဲ?"
သြော်!ဒီပါးစပ်ကလည်းတစ်မှောင့်!ထမင်းမစားသေးဘူးလားလို့မေးရမှာကို ဘာတွေလျှောက်ထွက်နေမှန်းမသိဘူး
"မှားလို့ မှားလို့...Boss!ထမင်းမစားသေးဘူးလား??"
"..."
ကျနော့်ကို အရေးတစ်စက်မှမလုပ်ဘဲ စာအုပ်ကြီးကိုပဲ သဲကြီးမဲကြီးဖတ်နေတယ်။ awwww..သူပြောဖူးတယ်လေ နှစ်ယောက်တည်းရှိနေရင် Bossလို့ခေါ်တာမကြိုက်ဘူးဆိုတာ...။ကျနော်လည်း အခန်းအပြင်ဘက်က လူရိပ်လူခြေ ကြည့်လိုက်ပြီး
YOU ARE READING
Desire (Complete)
RandomJaehyun: ကျနော့်ရဲ့ ဆန္ဒက သူ့ရဲ့ပျော်ရွှင်မှုသာ... Taeyong: ကျနော်ဟာ အပြစ်ကိုထိုက်တန်လို့ စောင့်ဆိုင်းနေရမယ့်သူ။ ဒါ့ကြောင့် ကျနော့်ဆန္ဒက သူနဲ့ပြန်တွေ့မယ့်အချိန်ထိ စောင့်ဆိုင်းခွင့်... Jaehyun: ကျနော့်ရဲ့ ဆန္ဒက သူ့ရဲ့ပျော်ရွှင်မှုသာ... Taeyong: ကျနော်ဟာ...