Part (12)

390 55 5
                                    

Jaehyun's POV

ဘာလိုလိုနဲ့ ကျနော့်Baby hyungလေး ကျနော့်ဘေးမှာ အလုပ်လုပ်နေတာ တစ်လကျော်တောင်ရှိပြီ
ကျနော်တို့companyက companyလို့သာ ခေါ်ရတယ် တကယ်တော့ ကြီးကြီးမားမားကြီးမဟုတ်။ ဝန်ထမ်းပေါင်းလည်း ၅၀ကျော်သာရှိတာ..။တည်ထောင်ခဲ့တာကလည်း ၁နှစ်ကျော်ပဲ ရှိသေးတာရော ကျနော်လို အသက်ငယ်တဲ့Bossရဲ့ လက်အောက်မှာ အလုပ်မလုပ်ချင်တာရော အဲ့လိုတွေစုံနေတော့ ကျနော်တို့companyကို လုပ်သက်ရှိဖို့ဆိုပြီးလာတဲ့သူတွေက များနေတယ်..။
ကျနော်ကလည်းဘယ်ရမလဲ..။စခန့်ကတည်းကိုက ဝန်ထမ်းတိုင်းကို အနည်းဆုံး ၅နှစ်အလုပ်လုပ်ပေးရမယ်လို့ ပြောပြီးခန့်ထားတာဆိုတော့ အခြေအနေတွေက ခုထိ သာသာယာယာနဲ့ပဲ လည်ပတ်နေတာပေါ့။
ဒါပေမယ့် အဆင်ပြေတယ်ဆိုပြီး ဒီတိုင်းဆက်သွားနေလို့ဘယ်ဖြစ်မလဲ?ကျနော်တို့ တစ်ခုခုလုပ်မှကိုဖြစ်မှာပေါ့။ဒါကြောင့် ကျနော် companyရဲ့ ရာထူးကြီးပိုင်းက လူတွေကိုစုပြီး meetingလေးတစ်ခုလုပ်နေတုန်း

"ကျနော်ကတော့ ****projectကို လုပ်စေချင်တယ်"

ကျနော်ရဲ့ အသက်ကြီးတဲ့သူတစ်ဖြစ်လဲ လက်အောက်ငယ်သားတစ်ဖြစ်လဲ လူတစ်ယောက်က စပြီး စကားခေါ်လိုက်တော့ တစ်ယောက်တစ်ပေါက်နဲ့ ဆူညံကုန်တာပေါ့

"%@&%^#^%@&!&"

"Shzhjdgajehdj"

"နေဦး!"

ကျနော် တစ်ချက်ဟန့်လိုက်တော့ အကုန်ငြိမ်သွားကြပြီး ကျနော့်စကားကို အာရုံစိုက်လာကြတယ်

"ကျနော် ထောက်ခံတယ်! ပြီးတော့ ဒါက ကျနော်တို့companyရဲ့ တက်လမ်းပဲ..ဒါကြောင့် ကျနော်ဘယ်သူ့မှစိတ်မချဘူး...ကျနော်ကိုယ်တိုင်ဒီprojectကို လုပ်မယ်"

ကျနော် ပြောလိုက်တော့ အကုန်လုံးရဲ့အကြည့်တွေက ကျနော့်ဆီကို ပြင်းထန်စွာရောက်လာတယ်။ ကျနော်သိတယ် အဲ့ဒီ့အကြည့်တွေကို!လုပ်မှလုပ်နိုင်ပါ့မလား အဆင်ပြေပါ့မလားဆိုတဲ့ အကြည့်တွေ..။အသက်ငယ်ငယ်နဲ့ နန်းတက်ခဲ့ရတဲ့ ဘုရင်ငယ်လေးကို စိတ်ကြိုက်ခြယ်လှယ် ချင်နေကြတဲ့ ရှေးခေတ်ကအမတ်တွေရဲ့ ပုံစံမျိုးတွေ ကျနော်တွေ့တယ်..။ဒီလို အကုသိုလ်တွေရှိနေလို့ ကျနော့်Hyungကို ဘေးမှာထားတာ(ဘာမှလည်းမဆိုင် 🤔)

Desire (Complete)Where stories live. Discover now