Jaehyun's POV
ကျနော် ဖုန်းဆက်တော့မယ်ပြင်လိုက်ပြီး နှိပ်မယ့်Buttonက 'Hyung'..
Buttonကို နှိပ်လုဆဲမှာပဲ...*Ring*
ဟင်??! Hyungဆီက ဖုန်းလာတယ်!!
ကျနော် ဝမ်းသာအားရနဲ့ အမြန်ဖုန်းကိုင်လိုက်တော့"Jaehyun?..."
"Nae! Hyung!!"
"မင်းတို့ အိမ်ရှေ့က Black On Black Cafèကို မိနစ်၃၀လောက်နေရင် ဆင်းလာခဲ့ပါလား ငါရှိနေမယ်..."
"ဟုတ်Hyung...အခု သွားလိုက်မယ်!"
သြော် ကျနော်ဆိုတာ အမှတ်သည်းခြေမရှိ..သူ့ရှေ့မှာဆို ပြားပြားဝပ်နေတဲ့ လူတစ်ယောက်ပါလားနော်..
သူ့အသံလေးကြားလိုက်တာနဲ့လူက အားအင်ပြည့်လာတဲ့ပုံစံဖြစ်သွားရတာလိုလို..
ဘာပဲဖြစ်ဖြစ် Hyungကျနော့်ကို စောင့်နေရလို့ မဖြစ်ဘူး..ကျနော် အမြန်ပြေးမှဖြစ်မယ်။Jaehyun's POV END
-----–----–-----------------------------------------------------
Taeyong's POVJaehyunအိမ်ကနေ ပြန်လာခဲ့ပြီး ကျနော့်အိမ်ကိုရောက်တော့ ကျနော် ချုံးပွဲချငိုမိလိုက်တယ်။ ကျနော် တော်တော်ကြီးကိုကြာမှ သူ့အကြောင်းပြောမိတာရော..Jaehyunဆိုတဲ့ ကလေးကြောင့်ရော..။ ကျနော် အရမ်းသတိရတယ် သူ့ကို..။Jaehyunလည်း ကျနော့်ကို၁၀နီးပါးချစ်ခဲ့ရသလို ကျနော်ကလည်း Tenကို ၁၂နှစ်ရှိပြီ..မမေ့နိုင်သေးဘူး..။ သူကတော့ အခုချိန် ဘာတွေဘယ်လိုဖြစ်လို့ သာယာနေမလဲဆိုတာ မသိပေမယ့် ကျနော်ကတော့ သူ့အကြောင်းတွေးမိရင် ကမ္ဘာပျက်မတတ်ပါပဲ..။
နေ့လယ်ရောက်တော့ မိုးကလည်း အုံ့နဲ့ ကျနော် စိတ်သက်သာရအောင်ဆိုပြီး radioလေးဖွင့်လိုက်တယ်..
ဒီနေ့လိုကျမှပဲ radioလိုင်းပေါင်းများစွာက လာလိုက်တဲ့အဆွေးသီချင်း အလွမ်းသီချင်းတွေဆိုတာလေ..။ကျနော် သိတယ် ကျနော် သိတယ်..ကျနော် ဒါတွေနားထောင်မိရင် ငိုမိတော့မယ်ဆိုတာကို..။လိုင်းတွေလျှောက်ပြောင်းရင်းမှ radioလိုင်းတစ်လိုင်းကိုတွေ့သွားတယ်။ နားထောင်ရတာတော့ radio DJတစ်ယောက် အဖွင့်စကားပြောနေပုံရပါတယ်..
ကျနော်လည်း ပြတင်းပေါက်ကိုငေးပြီးနားထောင်ကြည့်လိုက်တော့ သူပြောသွားတဲ့ စကားတွေများစွာထဲကမှ ကျနော့်နားထဲကို ကွင်းကွင်းကွက်ကွက် ဝင်သွားစေတဲ့စကားလေးတစ်ခွန်း...
YOU ARE READING
Desire (Complete)
RandomJaehyun: ကျနော့်ရဲ့ ဆန္ဒက သူ့ရဲ့ပျော်ရွှင်မှုသာ... Taeyong: ကျနော်ဟာ အပြစ်ကိုထိုက်တန်လို့ စောင့်ဆိုင်းနေရမယ့်သူ။ ဒါ့ကြောင့် ကျနော့်ဆန္ဒက သူနဲ့ပြန်တွေ့မယ့်အချိန်ထိ စောင့်ဆိုင်းခွင့်... Jaehyun: ကျနော့်ရဲ့ ဆန္ဒက သူ့ရဲ့ပျော်ရွှင်မှုသာ... Taeyong: ကျနော်ဟာ...