Taeyong's POV
မနေ့က တစ်နေကုန်ပင်ပန်းထားတာလည်း ပါ၊ ပြီးတော့ Jaehyunကလည်း ဒီနေ့ ရုံးမတက်နဲ့တော့ဆိုလို့ ညကတည်းက တစ်ချိုးတည်းအိပ်ချပစ်တာ..အစောနိုးနေကျ ကျနော် ဒီနေတော့ ဘယ်လိုမှမထနိုင်တော့ဘူး။
အခုနိုးလာတာတောင် ဖုန်းလာလို့!💭အိပ်ကောင်းနေတာကိုကွာ💭
"He~~~llo"(အိပ်ချင်မူးတူးလေသံဖြင့်ဖတ်ရန်)
"Hello?"
"ဝှါးးးးး ဘယ်သူလဲမသိဘူး??"
"Ha ha ha..ကျနော်လေ Jaehyun။ Hyungခုထိအိပ်နေသေးတာလား?"
"အင်းးးး မနေ့ကလည်း ဝှါးးးးးးး တစ်နေကုန် ပြေးလွှားထားရတာကို.."
"အင်းပါ..ဒါနဲ့ အခု ခဏအိမ်ပြင်ထွက်ခဲ့လို့ရမလား?"
"ဘာလာလုပ်မလို့လဲ? မင်း ဒီနေ့ ရုံးမသွားဘူးလား?"
"လာခဲ့ပါ Hyungကလည်း..စောင့်နေတယ်နော်"
"မင်း..."
*ddu ddu ddu~~*
ပြောချင်တာပြောပြီး ဖုန်းချသွားတဲ့ ငနာလေး~~
မတတ်နိုင်ဘူးလေ..လာဦးဆိုတော့လည်း လာရမှာပေါ့။မျက်နှာသစ်သွားတိုက်ပြီး ကျနော့်ပုံစံကြည့်လိုက်တော့ စုတ်တီးစုတ်ပြတ်နဲ့ မတော်တရော် စွပ်ကျယ်ကို စွပ်ပြီးအိပ်ထားတော့ ကြေမွလို့..
ဒါနဲ့ပဲ အပေါ်ကနေ shirtတစ်ထည်လေး ကောက်ဝတ်ပြီးဆင်းသွားလိုက်တယ်
မျက်နှာ၊ ဆံပင် အတွက်လား??ဘာမှမလုပ်ပါဘူး..ကျနော်က Jaehyunတွေ့ဖို့ ဒါတွေလုပ်ဖို့မှမလိုတာ...။အောက်ထပ်ရောက်တော့ ကားထဲကနေ လက်ယက်ခေါ်နေတဲ့ Jaehyunကို တွေ့တော့ ကျနော်လည်း အမြန်ပြေးသွားလိုက်တယ်။ ကားနားရောက်တော့ ကျနော့်ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး ရယ်နေတယ်။ ကျနော်လည်း အမြင်ကတ်လာတာနဲ့
"မြန်မြန်ပြော..နေပူတယ်!"
"နေပူရင် ကားထဲဝင်.."
"ဟာ ပူပါတယ်ဆိုမှ..ရစ်မနေနဲ့"
"တကယ်ပြောနေတာ ဝင်လို့"
ကျနော်လည်း ကားထဲရောက်ရော
"Hyung!ဒီနေ့ ဘယ်သွားချင်လဲ?"
"ဘာလဲ?ဘာတွေလာပြောနေတာလဲ??"
"Dateလေ..ကျနော်တို့ရဲ့ first dateလေ"
YOU ARE READING
Desire (Complete)
RandomJaehyun: ကျနော့်ရဲ့ ဆန္ဒက သူ့ရဲ့ပျော်ရွှင်မှုသာ... Taeyong: ကျနော်ဟာ အပြစ်ကိုထိုက်တန်လို့ စောင့်ဆိုင်းနေရမယ့်သူ။ ဒါ့ကြောင့် ကျနော့်ဆန္ဒက သူနဲ့ပြန်တွေ့မယ့်အချိန်ထိ စောင့်ဆိုင်းခွင့်... Jaehyun: ကျနော့်ရဲ့ ဆန္ဒက သူ့ရဲ့ပျော်ရွှင်မှုသာ... Taeyong: ကျနော်ဟာ...