Part (28)

362 43 4
                                    

Jaehyun's POV

"ဒါလေးက ဘာလေးလဲ??"

မီးအိမ်တင်ထားတဲ့ စားပွဲခုံအပုလေးရဲ့ အောက်မှာ တစ်စွန်းတစ်စထွက်နေတဲ့ အရာလေးကို ကျနော်သတိထားမိလိုက်တယ်
သေချာထုတ်ပြီး ကိုင်ကြည့်လိုက်မှ သားရေနဲ့ဖုံးထားတဲ့ စာအုပ်တစ်အုပ်ဆိုတာကို ကျနော် သိလိုက်ရတယ်။

💭Hyungရဲ့ ကိုယ်ရေးကိုယ်တာတွေပဲနေမှာပါ..ငါ စွက်ဖက်တာမကောင်းပါဘူး💭

ကိုယ့်ကိုကိုယ်ပြန်ဖြေသိမ့်ပြီးတော့ပဲ စာအုပ်ကို နေရာတကျ ပြန်ထားဖို့ စဉ်းစားလိုက်တယ်

*ဘုတ်*

"သြော်! အရေးထဲ.."

လက်ထဲက လွတ်ကျသွားတဲ့ စာအုပ်က ကြမ်းပြင်ပေါ်မှာ ဖွင့်လျက်သားလေး...
ကျနော် ကောက်ပြီးကြည့်လိုက်တော့ "10"ဆိုပြီးတော့ အကြီးကြီးရေးထားတယ်..
ဘာများလဲပေါ့??Hyungက နံပါတ်ကြီးကို ဘာလို့ရေးထား???....နောက်မှစဉ်းစားမိတယ်

💭ဟာ...ဒါTenပဲ!!💭

ကျနော် ရှေ့ဆုံး စာမျက်နှာကို လှန်ပြီးဖတ်ကြည့်လိုက်တယ်။ မဖတ်လို့မှမဖြစ်တာ..ကျနော့် ရန်သူရဲ့ နာမည်ကို တွေ့လိုက်ရတယ်လေ!
ကျနော် ရှေ့ဆုံးစာရွက်ကို လှန်တယ်...နောက်တစ်ရွက်..နောက်တစ်ရွက်...ပြီးတော့ နောက်တစ်ရွက်....
စာမျက်နှာတိုင်းရဲ့ အဆုံးမှာ ကျနော့်နာမည်ကို တောင်းပန်ထားတဲ့ စာတွေ...
.
.
.
.
.
ကျနော့် ခြေထောက်တွေမခိုင်တော့လောက်အောင် လူက တုန်လာတော့ ကျနော်ဖင်ထိုင်ရက်နဲ့သာ ကြမ်းပြင်ပေါ်ကိုလဲသွားခဲ့တယ်။
ဘာ..ဘာလို့များ??ကျနော့်ရဲ့ Hyungက??ကျနော့်ကို ဒီလို???
ကျနော် အကြာကြီးငိုင်ပြီးစဉ်းစားနေမိတယ်..။
ခုတင်ပေါ်မှာ အိပ်နေတဲ့ သူ့ကိုလှမ်းကြည့်ပြီး အကြာကြီးတွေးနေမိတယ်..။

သြော်....ငါဆိုတဲ့ကောင်ဟာ အတော်ပိန်းပါလား...။ ကိုယ်ချစ်ရတဲ့သူ တစ်ယောက်လုံးကို ကိုယ့်ဘေးမှာ ထားပြီး သူပျော်မှန်း မပျော်မှန်းတောင် မသိဘူး! အင်းပေါ့..သူလည်း စိတ်ညစ်မှာပေါ့..သူ မချစ်ရတဲ့သူရဲ့ ဘေးမှာနေနေရတာကို!!

ပါးပြင်ပေါ်ကိုတလှိမ့်လှိမ့်ကျဆင်းလာတဲ့ မျက်ရည်တွေကို ကျနော်သုတ်ပြီး စာအုပ်ကို ဆက်ဖတ်လိုက်တယ်။

Desire (Complete)Where stories live. Discover now