Part (31)

893 51 5
                                    

Taeyong's POV

အဲ့ဒီ့စာလေးကိုတွေ့လိုက်ရတဲ့အချိန်မှာ ကျနော့်လက်တွေအရမ်းကို တုန်နေခဲ့တယ်။ ကျေးဇူးပြုပြီး ကျနော်ထင်သလိုမဖြစ်ပါနဲ

အရမ်းချစ်ရပါသော Babyလေး...

ပထမဆုံးပြောချင်တာက ကျနော် Hyungကို ဘယ်လောက်ချစ်လဲဆိုတာကို သိတယ်မို့လား? Love at first sightဆိုတဲ့စကားကို hyungနဲ့တွေ့မှ ယုံခဲ့တာ..
Hyungကို စတွေ့တော့ တစ်ခါမှမခံစားဖူးတဲ့ ခံစားချက်ကို ရခဲ့တာ..အဲ့ဒီ့ခံစားချက်ကလေ နူးညံ့တယ် ညင်သာတယ် ဒါပေမယ့် ကျနော့်ကို အနှောင့်အယှက်နည်းနည်းပေးတယ်။ hyungရဲ့ အနားကိုရောက်ရင် နေမရထိုင်မရအောင်လုပ်တတ်တယ်။ Hyungသိလား? ကျနော် ဒီ၁၀နှစ်ကျော်နေပြီဖြစ်တဲ့ကာလမှာ ကျနော်ရဲ့အပျော်ရွှင်ဆုံးအချိန်တွေက hyungနားမှာ နေခဲ့ရတဲ့အချိန်တွေပဲ။ ဒါတွေကို hyungသိအောင် ဘယ်တော့မှမပြောပြဘူးဆိုပေမယ့် အခုတော့ပြောလိုက်ရပြီနော်။ Hyungမှတ်မိသေးလား? Hyungပြောခဲ့ဖူးတဲ့စကားလေးလေ...'relationshipတစ်ခုကို တစ်ဖက်ကပဲ သဘောကျနေရုံနဲ့ တည်ဆောက်လို့မရဘူး'ဆိုတာကို....ကျနော်အဲ့ဒီ့အချိန်တုန်းကတော့ လုံးဝနားမလည်ခဲ့ဘူး။ ဒါပေမယ့် အခုနားလည်ခဲ့ပြီ။ ကျနော်ကလေ တစ်ကိုယ်ကောင်းအရမ်းဆန်မိခဲ့တယ်....ကျနော့်ရဲ့ ပျော်ရွှင်မှုတစ်ခုတည်းကိုပဲကြည့်ပြီး နေခဲ့မိတာ။ ကျနော့်ဘေးမှာ ရှိနေတဲ့ ကျနော်အချစ်ရဆုံးသူစိတ်ထဲမှာ ဘာတွေဖြစ်နေမလဲ ဘယ်လိုတွေပူလောင်နေမလဲဆိုတာကို မတွေးဘဲ ကျနော့်ကိုယ်ကျနော်ပဲ ကြည့်နေမိခဲ့တာ။ကျနော့်ဘေးမှာ ချစ်ရသူတစ်ယောက်လုံး စိတ်ဆင်းရဲနေတာကိုကျနော်မသိခဲ့ဘူး။ ကျနော် အရမ်းဆိုးတာပဲနော် ha ha...ကျနော့်မှာ အလိုချင်ဆုံးဆန္ဒတစ်ခုရှိတယ်။ ငွေတွေလား...တန်ဖိုးကြီးပစ္စည်းတွေလား...ကျနော် အရမ်းချစ်ရတဲ့hyungလား...တစ်ခုမှမဟုတ်ဘူး။ အဲ့ဒီ့ဆန္ဒက ကျနော်သိပ်ကိုချစ်ရတဲ့ Lee Taeyong hyung ပျော်ပျော်ရွှင်ရွှင်လေးနေသွားဖို့ပဲ။ ဒါကျနော့်ရဲ့ ဘဝကြီးတစ်ခုလုံးနဲ့ဆိုင်တဲ့ ဆန္ဒပဲ။Hyungပျော်နေတာ မြင်ရရင်ကို ကျနော်ကျေနပ်တယ်။ ဒါ့ကြောင့်မို့ hyung....ပျော်ပျော်ရွှင်ရွှင်နေပေးပါ..hyungမမြင်ရပေမယ့်လည်း တစ်နေရာကနေ hyungကို စောင့်ရှောက်ပေးနေဦးမှာပါ။ အဓိကက hyung ပျော်ပျော်လေးနေပေးဖို့ပါပဲ...
အရမ်းချစ်တယ်.....ကျနော်ရဲ့ Baby Hyung.....

Desire (Complete)Where stories live. Discover now