Part (26)

351 41 6
                                    

Jaehyun's POV

ကျနော်ဆိုတာ လောကကြီးမှာ ဟိုးငယ်ငယ်လေးကတည်းက  'အကြောက်တရား'ဆိုတဲ့အရာကို ရှိတယ်လို့တောင် ထင်ခဲ့တာမဟုတ်ဘူး။
အင်း..ဒါပေမယ့် အခုတော့ ကျနော့်မှာ သူ့ကြောင့်နဲ့အကြောက်တရားပေါင်းများစွာ ခံစားနေရပီ

သူ ကျနော့်နားမှာမရှိတော့ဘူးဆိုတဲ့ အကြောက်တရား
သူ ကျနော့်ကို အထင်လွဲသွားမယ်ဆိုတဲ့ အကြောက်တရား
ကျနော့်ကြောင့် သူ နာကျင်ရမယ်ဆိုတဲ့ အကြောက်တရား
သူ ကျနော့်ကိုမုန်းသွားပြီဆိုတဲ့ အကြောက်တရား
နောက်ဆုံး...ကျနော့်ကြောင့် သူ မပျော်ရွှင်ရတော့ဘူး ဆိုတဲ့ အကြောက်တရား

ဒါတွေကို ကျနော် အကြောက်ဆုံးပဲ...
သူဆိုတာ ကျနော့်ဘေးမှာရှိနေရင်ကို ကျနော်ကျေနပ်တာ...ကျနော် ပျော်ရတာ...
ကုန်ကုန်ပြောရရင်ဗျာ...သူပျော်နေတာလေးကို ကြည့်ပြီးတော့ နေရမယ်ဆိုရင်တောင် ကျနော် သိပ်ကျေနပ်တာ..
သူဟာ ကျနော့်ရဲ့အရာရာဖြစ်နေခဲ့တာ ကြာပါပြီ~~

အခုကိစ္စမှာ ကျနော်အရမ်းဝမ်းနည်းမိတယ်။ ကျနော့်အပေါ်မှာထားတဲ့ သူ့ရဲ့ ယုံကြည်မှုကိုပျက်ပြားသွားစေလောက်အောင် ကျနော့်ရဲ့ လုပ်ရပ်တွေက သူ့အတွက်အရမ်းလွန်သွားလား? သူ့အတွက် စိတ်ပျက်စရာ လူတစ်ယောက်ဖြစ်သွားစေခဲ့လား? သူ့အတွက် ရွံမုန်းစရာ ပေါ့တီးပေါ့ပျက် လူတစ်ယောက်ဖြစ်သွားသလား?

"Jaehyun မစားသေးဘူးလား?"

အတွေးနဲ့ငေးနေတဲ့ ကျနော့်ကိုစိုက်ကြည့်ပြီး သူ့ဘက်က စကားတစ်ခွန်း စလာတယ်

"Awww..အင်း စားမှာပေါ့"

"..."

"..."

ကျနော်တို့နှစ်ယာက်ရဲ့ကြားမှာ 'အနေခက်မှု'ကြီးက နေရာယူပြီး 'တိတ်ဆိတ်မှု'က အသက်ဝင်နေတယ်
ထမင်းစားတဲ့အသံနဲ့တူတာ တစ်သံမှ မကြားရဘဲ မီးဖိုပေါ်မှာတင်ထားတဲ့ ဟင်းရည်အိုးရဲ့ ပွက်ပွက်ဆူသံကပဲ လွှမ်းနေတယ်။

*****************************************
At evening~~~

တကယ်တော့ အချိန်ဆိုတာ သူနဲ့အတူရှိနေရင် ကောင်းကောင်းဆိုးဆိုး ပြိုက်ခနဲ ကုန်သွားတာ..
လေဆိပ်ကိုသွားတဲ့လမ်းမှာ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်တော့ တစ်လမ်းလုံးဟာ မှောင်မည်းနေတာပဲ။
ကောင်းကင်တစ်ခုလုံးလည်း မီးသွေးသုတ်ထားလား အောက်မေ့ရတယ်။ awww...ရာသီဥတုက ကိုယ့်ဘက်ပါတယ်ဆိုတာ ဒါမျိုးကို ပြောတာနေမှာ..။ ကျနော့်စိတ်ထဲမှာ အမှောင်ကျနေတော့ အပြင်ဘက်ထိပါ ဒီလိုတွေ....။
ကျနော်တို့ နှစ်ယောက်လုံး လေဆိပ်ကိုရောက်တဲ့အထိ စကားတစ်လုံးမှမဟခဲ့ကြဘူး။ သူလည်း သူ့အာရုံနဲ့သူ..ကျနော်လည်း ကျနော့်အတွေးနဲ့ကျနော်နဲ့ ရောက်သာသွားတယ်။

Desire (Complete)Where stories live. Discover now