Part (24)

334 40 2
                                    

Taeyong's POV

ကျနော့်ဘဝမှာ ဒီလောက်ကြီးမားတဲ့ဝန်ကိုမထမ်းဖူးဘူး..Jaehyunကို လိမ်နေရတာ ကျနော့်အတွက်တော့အရမ်းပင်ပန်းနေတယ်။ ကျနော်က ကျနော်ကောင်းစားဖို့အတွက်သူ့ကိုရွေးချယ်ခဲ့တာ..ဒါကို ဒီကလေးက ကျနော် သူ့အပေါ်မေတ္တာရှိနေတယ်အမှတ်နဲ့ သူ ပျော်နေလေရဲ့။ တခြားဘက်က ပြန်စဉ်းစားကြည့်ရင်လည်း Yutaပြောခဲ့သလို သံယောဇဉ်ရှိသွားပြီး ကျနော် တကယ်ပဲ သူ့ကိုချစ်သွားနိုင်ပါ့မလား..။ ကျနော်ကတော့ negativeဘက်က တစ်မဲထည့်တယ်။ ကျနော် မဖြစ်နိုင်ဘူးလို့ထင်တယ်။ ဒါပေမယ့် ဒီကောင်လေးကိုလည်း ကျနော် စိတ်ဒဏ်ရာ မပေးချင်ပြန်ဘူး။ ကျဉ်းထဲကျပ်ထဲကို ရောက်နေတဲ့ ကျနော့်ပုံစံအဖြစ်က ဘာနဲ့မှတောင် နှိုင်းပြောစရာမရှိတော့ပါဘူး..
ဒီနေ့လည်း ထပ်ပြီးတော့... တောင်းပန်ပါတယ် Jaehyun..

ကျနော်ဒီစာအုပ်ကလေးကို ရေးနေတာ တစ်လရှိသွားပြီ။ diaryလို့ ခေါ်ကြသလား? ကျနော် အရင်က ဒါမျိုးတွေဘယ်တော့မှမလုပ်ဘူး။ အခုတော့ Jaehyunအပေါ်မှာထားမိတဲ့ ခံစားချက်တွေကို ရင်ဖွင့်စရာလူမရှိတော့ ဒီစာအုပ်လေးကိုပဲ အားကိုးရင်ဖွင့်ရင်း အခု စာမျက်နှာ ၂၀တောင် ကျော်တော့မယ်..

****

ကျနော်ရဲ့ ဖြစ်တည်မှုက သူ့ရဲ့ ပျော်ရွှင်မှုတဲ့..
ကျနော် သူ့ဘေးမှာရှိပေးနေရုံနဲ့ သူ့နေ့ရက်တွေဟာ တောက်ပနေတယ်တဲ့..
သူ့ဆန္ဒက ကျနော့်ရဲ့ ပျော်ရွှင်မှုတဲ့..

****

ကျနော်တို့၂ယောက် စတင်လက်တွဲခဲ့တဲ့ cafeလေးကို သူခေါ်လာပြီး ကျနော့်ကို ခါတိုင်းလို တစ်ခုပြီးတစ်ခုပြောလိုက် စလိုက်နဲ့။ ဒါပေမယ့် အခုချိန်မှာ ကျနော်ရဲ့ reactionတွေက ခါတိုင်းလိုမှမဟုတ်တာ..။ ကျနော့်ရဲ့လေသံတွေရော..၊ အသုံးအနှုန်းတွေ အပြုအမူတွေက သူ့ကို နည်းနည်းအိုးတိုးအန်းတန်းလေးဖြစ်သွားစေတယ်။
ဒီကလေးဟာ ကျနော့်အပေါ် ဘယ်လောက်ချစ်လဲဆိုရင် ကျနော်ရဲ့ အပြုအမူ တစ်ခုမကျန်လိုက်ပြီး အသေးစိတ်မှတ်ထားတတ်တာ...
အခုလည်း ကျနော်တို့ စ,တွဲကတည်းက ကျနော်သူ့ကို 'ချစ်တယ်'လို့ တစ်ခွန်းမှမပြောဖူးတာကို မှတ်ထားတယ်လေ။(faတွေအားကျဇမ်းး lol)
အမှန်တိုင်းပြောရမယ်ဆိုရင် ကျနော် မပြောချင်ဘူး။ စိတ်ထဲကမပါတဲ့ ဒီစကားလေးတစ်ခွန်းက သူ့ကိုပျော်ရွှင်သွားစေမှာကို မလိုချင်ဘူး။ ကုန်ကုန်ပြောရရင် ကျနော် အသင့်မဖြစ်သေးဘူး..သူ့ကိုချစ်ဖို့။
လူတွေရှိလို့ မပြောချင်ဘူးလို့ ငြင်းလိုက်တော့ လူမရှိတဲ့ နေရာကိုသွားမယ်တဲ့။ ကျနော်လည်း ခေါင်းတညိတ်ညိတ်နဲ့သာ ပါသွားတယ်။

Desire (Complete)Where stories live. Discover now