Part (7)

429 54 2
                                    

Jaehyun's POV

"Jaehyunရေ..ကျေးဇူးပဲကွာ..Hyungက ဆရာတွေနဲ့ လုပ်စရာရှိနေလို့ သွားပြီနော်"

"ဟုတ် Hyung! ဒါနဲ့....ကျ.......နော်...."

ကျနော်ပြန်ပြောတာတောင် နားမထောင်နိုင်တဲ့ထိ ခြေထောက်နဲ့ ဖင် တစ်ပါတည်းဖြစ်အောင် ပြေးသွားပါလေရော
ကျနော်လည်း စက်ဘီးလေးကိုထားပြီး နောက်ကိုအလှည့်

" Ya~~~Jaehyun"

လည်ပင်းကို လူတစ်ယောက်လာချုပ်တာခံလိုက်ရတယ်။မော့ကြည့်လိုက်တော့

"ဟင် Winwin"

"မင်းက မင်း ဘေဘီနဲ့ အိုကေနေပီပေါ့လေ"

"အေးကွ..အားကျနေတယ်မို့လား?"

"အားလား?မကျပါဘူး..အားကျနေရင် အားဆေးသောက်မှာပေါ့"

"ဟေ့ကောင်!လာပြောင်မနေနဲ့..ပြီးတော့ သူက ဘေဘီမဟုတ်တော့ဘူး..Baby Hyungလေးဖြစ်သွားပီ"

"ဟင် ဘာတွေမိုးကြိုးပစ်ကုန်တာတုန်း"

"သူက ငါ့ထက် အသက်ကြီးတယ်တဲ့ကွ..။အေးပေါ့ကွာ ငါကပဲ ကျောင်းစောတက်တာဆိုတော့လည်း..."

"မင်းတို့တွေကလည်း ရှုပ်နေတာပဲ...
ဒါနဲ့ မင်းသူ့ဆီစာသင်နေတယ်ဆို...အဲ့ဒါကြောင့် ပီးခဲ့တဲ့ ၂လလုံးလုံး ငါ ဂိမ်းဆိုင်ခေါ်တာတောင် ခေါ်မရတာပေါ့"

"ဒါပေါ့ကွ!"

"အဖြစ်ကိုသည်းတယ်မင်းကလည်း...ဒါများ သူ့ကို ဖွင့်ပီး ပြောလိုက်စမ်းပါကွာ"

"အာာာာ ငါ့ကြောင့် သူ စိတ်အနှောင့်အယှက်ဖြစ်သွားလိမ့်မယ်"

"မင်းက အချိန်ဆွဲနေမှ သူများက လက်ဦးသွားမှ ငိုနေရမယ်"

"ဟေ့ကောင် နိမိတ်မရှိတာတွေမပြောနဲ့"

"ပြောရမှာပေါ့..ဟိုက မင်းကို ပြန်ချစ်ဖို့ဆိုရင် အနည်းဆုံးမင်းက ချစ်တယ်ဆိုတာလေးတော့ ပြောထားလေ"

"ငါ..ငါက သူ့ကို ဒီတိုင်းလေးကြည့်နေရရင်တောင် ကျေနပ်တာ"

"ဒီတိုင်းလေးကြည့်မှာ??တခြားတစ်ယောက်နဲ့ အတူတူရှိနေတာကို မင်းကြည့်နေရမယ်ဆိုရင်ရော မင်း ကျေနပ်မှာလား?"

Desire (Complete)Where stories live. Discover now