Part (27)

346 40 2
                                    

Taeyong's POV

ခံစားချက်ကြီးက အရမ်းထူးဆန်းတယ်။
မနေ့က သူ..သူ လုပ်လိုက်တဲ့အပြုအမူကြီးကို ကြောက်သွားလို့ပဲလား...ဒီနေ့မနက်seoulကိုပြန်ရောက်ကတည်းကိုကစ လူက တစ်နေကုန် နေလို့ထိုင်လို့ကို မကောင်းဘူး! ထိုင်မရ ထမရနဲ့ ဘယ်လိုမှကိုအဆင်မပြေပါဘူး...။စိတ်တွေရော ကိုယ်တွေရော တစ်ကိုယ်လုံးကို ပူထူနေပြီး ရင်ဘတ်ကြီးကအောင့်နေတာလိုလို..အသက်ရှူမဝတော့တာလိုလို...။
ပြတင်းပေါက်ဘက်က လာတဲ့လေတဖြူးဖြူးလေးနဲ့ပဲ ကျနော့်ရဲ့ အတွေးတွေကို လွှင့်နေလိုက်တယ်။

1 hour later~
2 hour later~~
3 hour later~~~
4 hour later~~~~
5 hour later~~~~~

နောက်ဆုံးတော့ ကျနော်အဖြေရခဲ့ပြီ။ ကျနော့်ရဲ့ ဒိုင်ယာရီ စာအုပ်လေးကိုဖွင့်ပြီး ကျနော့်တို့နှစ်ယောက်ရဲ့ အမှတ်တရပေါင်းများစွာကို ရေးနေခဲ့တယ်။
✏Jaehyun...ငါ မသိခဲ့ဘူး..။ငါတို့ရဲ့ အမှတ်တရတွေဒီလောက်တောင် ရှိခဲ့မှန်း။ ငါလေ Tenကို မေ့ပစ်ဖို့ မင်းကိုအသုံးချခဲ့မိတယ်ဆိုပေမယ့်....

*တောက်*

ကျနော်ဒေါသကြီးစွာနဲ့ ခပ်ပြင်းပြင်းပဲ တောက်ခေါက်လိုက်တယ်။
ရေးနေရင်းနဲ့ စာအုပ်က ကုန်သွားတာကိုးး။
ဘေးပတ်ပတ်လည်ကို ကြည့်ကြည့်တော့ ဒိုင်ယာရီရေးဖို့ စာအုပ်ကောင်းကောင်းမရှိတာနဲ့ ရိုးရိုးဗလာစာအုပ်ပဲ ချက်ချင်းကောက်ယူပြီးဆက်ရေးလိုက်တယ်။

✏ငါ မင်းကို ချစ်တယ်...။မဟုတ်ဘူး ငါမင်းကိုချစ်မိသွားပြီ။ တကယ်တော့ မင်းကိုချစ်မိနေတာ ကြာလောက်ပြီနေမှာ။ ငါကိုယ်တိုင်ကိုက သတိမထားမိတာ။ သိပ်ချစ်တယ် Babyရဲ့ Jaehyunကို...✏

ကျနော် သဘောကျစွာနဲ့ ကိုယ်ရေးထားတဲ့ စာလုံးလှလှတွေကို ကြည့်နေလိုက်ပြီးတော့ အိပ်ရာဝင်လိုက်တယ်။
လူကလည်း ဖျားချင်ချင်ဖြစ်နေပြီရယ်...

Taeyong's POV END

****************************************
Jaehyun's POV

နံရံပေါ်မှာ ချိတ်ထားတဲ့ နာရီကိုမျက်မှောင်ကြုပ်ရင်း ကြည့်နေမိတယ်။ မနက်၉နာရီရှိနေပြီ..သူမလာသေးဘူး။ မနေ့ကလည်း လေဆိပ်ကနေ အိမ်ကိုလိုက်ပို့မယ်ဆိုတာတောင် မရဘူး။ အတင်းငြင်းကန်ပြီး ပြန်သွားတယ်။ ကျနော့်ကိုများစိတ်ဆိုးသွားသလား??အင်းလေ ကျနော်ကလည်း အတော်ရွံစရာကောင်းတဲ့အကောင်...သူ့ကို ကြောက်အောင်လုပ်ခဲ့တာကိုးး။ မမူးဘဲနဲ့ ရူးနေတဲ့ အကောင်!

Desire (Complete)Where stories live. Discover now