Taeyong's POV
ဒီနေ့နဲ့ဆိုရင် သူ့ကျနော့်ကိုအဆက်အသွယ်မလုပ်တာ ၂ပတ်ရှိပြီ။ ၂ပတ်လုံးcompanyကိုလည်း မလာခိုင်းဘူး။ မနေနိုင်လို့သွားကြည့်တော့ သူတကယ့်ကိုမရှိတာ။ ဘယ်လိုbossက သူ့ အတွင်းရေးမှူးမပါဘဲ နေလို့လဲ?? ဖုန်းဆက်တိုင်းလည်းမကိုင်။ ကိုင်ပြန်တော့လည်း နယ်ဘက်ရောက်နေလို့ လိုင်းမကောင်းလို့ချပြီတဲ့။ ဘာလို့လဲ?ဒါ ကျနော့်Jaehyunမှ မဟုတ်တာ။ ကျနော့်Jaehyunက ကျနော့်ကိုဒီလိုလုပ်မှာမဟုတ်ဘူး
ဒီနေ့လည်းသူမရှိဘဲ တစ်နေ့စရတော့မယ်။ သူကတော့ မသိပေမယ့် ကျနော်ကတော့...
.
.
.
.
.
လွမ်းတယ်။*ring ring*
Ha harrrrrrr!!ကြည့်စမ်း..ကျနော် သတိရမိလိုက်တာနဲ့ ဖုန်းတန်းဆက်လာတယ်
📱"Hello?JAEHYUN!!!!!!!! ဘယ်တွေရောက်နေတာလဲ?ပြန်ရောက်ပြီလား?အခုseoulမှာလား? ဒီနေ့ငါတို့တွေ့လို့ရမလား?ဘယ်မှာတွေ့ကြမလဲ??ငါ--"
"Wo-woww woww နေပါဦး Hyungရဲ့ ကျနော်ပြောပါရစေဦး"
"မင်းက ငါ့ကို၂ပတ်ကြီးတောင် ဒီတိုင်းထားသွားတာကို! ငါကဘယ်လိုနေရမှာလဲ"
"အင်းပါ အဲ့ဒါကြောင့် ဒီနေ့ နေ့လယ် ၃နာရီကျ ကျနော်တို့တွေ့ရအောင်လေ။ Hyungနဲ့နောက်ဆုံးတွေ့ခဲ့တဲ့ cafeမှတ်မိတယ်မို့လား?အဲ့ဒီ့မှာတွေ့ကြမယ်!ကျနော် နောက်ကျလည်းစောင့်နေပေးနော်.."
"..."
"Hello?? hyung?"
"Jaehyun---"
"Imm Hyung?"
"မင်း..မင်း အဆင်ပြေရဲ့လား? အသံတွေကဘာလို့တုန်နေတာလဲ??"
"အာ အဆင်ပြေတာပေါ့။ နယ်ဘက်ဆိုတော့ လိုင်းမကောင်းလို့နေပါပေါ့ *အဟမ်း* နည်းနည်းလည်း နေမကောင်းဖြစ်ချင်နေလို့"
"ကိုယ့်ကိုကိုယ်လည်း ဂရုစိုက်ဦး!ငါမရှိတော့ မင်းကိုကြည့်မယ့်သူရောရှိရဲ့လား?"
"ဟဟ ကျနော် ကလေးမဟုတ်ပါဘူးဗျာ"
"မင်းက ငါ့အတွက်တော့ ခုထိ ကလေးပဲ"
"ဟုတ်ပါပြီဗျာ ကျနော့်ကိုစောင့်နေနော်.."
"အင်းအင်း.."📱
သူနဲ့သာဖုန်းပြောလိုက်ရတယ် စိတ်ထဲလုံးဝ တစ်မျိုးကြီး ကျန်နေခဲ့တယ်။ ဒါဘယ်လိုအခြေအနေကြီးလဲ?သူ့အသံနားထောင်ရတာလဲ တစ်မျိုးကြီး!!အားးးး မသိတော့ဘူး ခေါင်းကိုက်လိုက်တာ။ သူကဒီနေ့တွေ့ဖို့ပြောတာပဲ သွားလိုက်တော့မယ် ဘာပဲဖြစ်ဖြစ် သူနဲ့တွေ့ရတာ အကောင်းဆုံးပဲကို
YOU ARE READING
Desire (Complete)
RandomJaehyun: ကျနော့်ရဲ့ ဆန္ဒက သူ့ရဲ့ပျော်ရွှင်မှုသာ... Taeyong: ကျနော်ဟာ အပြစ်ကိုထိုက်တန်လို့ စောင့်ဆိုင်းနေရမယ့်သူ။ ဒါ့ကြောင့် ကျနော့်ဆန္ဒက သူနဲ့ပြန်တွေ့မယ့်အချိန်ထိ စောင့်ဆိုင်းခွင့်... Jaehyun: ကျနော့်ရဲ့ ဆန္ဒက သူ့ရဲ့ပျော်ရွှင်မှုသာ... Taeyong: ကျနော်ဟာ...