Part (13)

381 54 4
                                    

Taeyong's POV

နောက်ကျောဓားနဲ့အထိုးခံရတယ်ဆိုတာ ဒီလိုခံစားချက်ကို ပြောကြတာဖြစ်မယ်..
တစ်ချိန်က ကျနော့်ကို စာသင်ပေးပါဆိုပြီး ပြောခဲ့တဲ့ကောင်ကလေးက အခုချိန် ကျနော့်ရဲ့Bossတစ်ယောက်ဖြစ်နေပြီး...အခု ကျနော့်ကို ချစ်ပါတယ်တဲ့
အလွန်တုံးသော ကျနော်ပါပဲ..ကျောင်းသားဘဝတုန်းကလည်း ညတစ်ညကို သရဲကြောက်လို့်ဆိုပြီး သူနဲ့တူတူကုန်ဆုံးဖူးတယ်
အခုလည်း projectဆိုတဲ့ အကြောင်းအရင်းလေးနဲ့ သူနဲ့တူတူ တစ်အိမ်ထဲနေနေတာ တစ်လကျော်တောင်ရှိတော့မယ်...

ကျနော်က ရက်စက်တယ်..ကျနော် ရက်စက်တာ ကြာခဲ့ပြီ..တစ်ယောက်သောသူ ကျနော့်ဘဝကို စုတ်ပြတ်သတ်အောင် လုပ်သွားခဲ့သလို ခံစားရပြီးကတည်းကိုက...

"Jaehyun ငါ..ငါလေ...."

မျှော်လင့်တကြီးနဲ့ကြည့်နေတဲ့ သူ့ရဲ့မျက်ဝန်းတွေ တစ်စုံတစ်ယောက်နဲ့တူလွန်းလို့ ကျနော် အရမ်းမုန်းတယ်

"ငါ...
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
ငါ ထပ်မချစ်ရဲဘူး...မဟုတ်ဘူး! ငါ ထပ်မချစ်ချင်ဘူး!!"

ကျနော့်ရဲ့ပြတ်သားလှတဲ့ စကားတွေကြောင့် သူလည်း လန့်သွားပုံရပါတယ်

"Hyung...?ကျနော် Hyungကို ပြန်ချစ်ဖို့မပြောပါဘူး"

တဖြည်းဖြည်းနဲ့ ကျနော့် အနားကိုတိုးလာပြီး ကျနော့်ရဲ့လက်တွေကိုဆုပ်ကိုင်ပြီး စကားပြန်စ,လာတယ်

"..."

"Hyung...ကျနော် ဘာမှမလိုချင်ဘူးHyung! ကျနော့်ကိုလည်း ပြန်မချစ်နဲ့..။ဒါပေမယ့် ကျနော့်အနားကနေတော့ ထွက်မသွားပါနဲ့ Hyung! ကျနော်...ကျနော့်မှာ Hyungနဲ့ မတွေ့ခဲ့ရတဲ့ ၇နှစ်လုံးလုံး ဘယ်လိုနေလာခဲ့ရတယ်ထင်လဲ?နေ့နဲ့ညတွေမှားပြီး ကျနော့်မှာ တစ်ယောက်တည်း ရူးသွပ်နေခဲ့ရတာ.."

"..."

"ကျနော် နည်းနည်းလေး အဆင်ပြေလာတော့ Hyungကို လိုက်ရှာဖို့ကိုပဲ အာရုံစိုက်ခဲ့တယ်..ဒီနေ့ ဒီအချိန်ထိ ဒါတွေအကုန်လုံးဖြစ်လာဖို့်ကို ကျနော်ဖန်တီးခဲ့တာ ကျနော့်ရဲ့ ရည်မှန်းချက်တစ်ခုလိုပဲ"

"..."

ကျနော့်ရဲ့ စကားလုံးတွေတစ်လုံးမှထွက်မလာအောင် ရင်ဘတ်ထဲမှာ သူ့ရဲ့ စကားလုံးတွေနဲ့ စို့နေခဲ့တယ်..

Desire (Complete)Where stories live. Discover now