Part (21)

326 43 3
                                    

Jaehyun's POV

ကျနော်ဆိုတဲ့ကောင်ကလည်း သူနဲ့မဖြစ်ခင်တုန်းကတော့ သူ့အလို၊ သူ့သဘော၊ သူသာလျှင် ကျနော့်ဘဝဖြစ်နေခဲ့တာ။ အခုလိုဖြစ်သွားကြတော့လည်း သူ့ကို မစရရင် မနေနိုင်တော့ဘူး...။သူ့ရဲ့ စိတ်ဆိုးသွားတဲ့ပုံလေး..ပြန်ချော့လိုက်လို့ ကျနော်နဲ့ပြန်တည့်လာတဲ့ ပုံလေးကို ကျနော် အရမ်းမြတ်နိုးနေပြီ..။ ချစ်တယ် Hyungရယ်..အရမ်းချစ်တယ်။ မနေ့က သူ့ကို ကျနော်Seolaနဲ့ စခဲ့ပြီး ကျနော်ပြန်ချော့တော့ စိတ်ဆိုးပြေသွားခဲ့တဲ့ ကျနော့်Babyလေးပါပဲ...။ ဒီတော့ သူ့ရဲ့ ဒီလိုပုံလေးတွေကိုမှ ရူးသွပ်နေတဲ့ ကျနော်ဟာ သူ့ကို ထပ်ပြီး စနောက်ဖို့ ဆုံးဖြတ်လိုက်တယ်။

တစ်မနက်ခင်းလုံး သူ့ကို စကားမပြောလို့ နေ့လယ်ရောက်တော့ ကျနော့် 'ထမင်းမစားသေးဘူးလား'ဆိုတဲ့ အကြောင်းပြမေးခွန်းလေးနဲ့အတူ လာမေးရှာတဲ့ကျနော့်ကလေးလေး..။သူလေးဟာ ဘာလုပ်လုပ် သိပ်ချစ်ဖို့ကောင်းနေတာ..။ ကျနော်လည်း ဘယ်ရမလဲ စာဖတ်ချင်ယောင်ဆောင်ပြီး စာအုပ်ကြီးမျက်နှာနဲ့ကွယ်ပြီး ကြိတ်ခွီနေရတာ..။
ကျနော် ချစ်ရတာလည်း မပြောနဲ့ ခုလည်း သူ့ကိုပြန်မဖြေလို့တဲ့ ကျနော့်ကိုဆောင့်ကြီးအောင့်ကြီးနဲ့ပြောနေတာ...။ကျနော်လည်း မနေနိုင်တော့လို့ စာအုပ်ကိုဖယ်ပြီး ပြန်ပြောတော့မယ့်အလုပ်မှာ................
သူက ကျနော့်မျက်နှာနဲ့တည့်တည့်...
သူ့ရဲ့ ဝင်သက်ထွက်သက်သံတွေကို တိကျရှင်းလင်းစွာ ကြားနေရလောက်တဲ့အထိ နီးကပ်နေတယ်။
ကျနော်လည်း ပြန်ပြောမယ့် စကားတွေပျောက်ထွက်သွားပြီး ပြန်ကြည့်နေလိုက်တယ်
တအောင့်လောက်နေတော့ သူဘက်ကပဲ ပြန်ခွာသွားပြီး ထမင်းစားတော့မှာလား ဆိုတဲ့ မေးခွန်းပဲ ပြန်မေးခါတယ်...

"ဘာ..ဘာစားချင်လို့လဲ"

ကျနော့်ဘက်က တုံ့ပြန်လိုက်တော့

"မင်း စားချင်တာ စားမယ်လေ"တဲ့

အိုးးးး..ကျနော့်ဆန္ဒကို ဘေဘီက လိုက်လျောပေးမယ်တဲ့လား...။ကျနော်လည်း မြောက်ကြွမြောက်ကြွဖြစ်သွားပြီး ဆက်မူနေလိုက်တယ်

"ကျနော် ဘာမှမစားချင်ဘူး..ဗိုက်မဆာဘူး!"

ကျနော့်ဘက်က ခပ်ပြတ်ပြတ်ပြောလိုက်တော့ သူလည်း စိတ်တိုသွားတယ် ထင်ပါရဲ့...ကျနော့်ကိုပြောဆိုသွားလိုက်တာများ....။
ဒါပေမယ့် အဲ့ထဲကမှ ကျနော့်နားထဲကို တစ်လုံးချင်းဝင်သွားတဲ့ စကားလေးတစ်ခွန်း..

Desire (Complete)Where stories live. Discover now