Jaehyun' POV
"Jaehyun...Jaehyun"
ဘယ်သူခေါ်နေတာမှန်းမသိ..မနက်ရောက်နေပီဆိုတာတော့ ကျနော်သိတယ်...အမေလား??မသိဘူး ဆက်အိပ်ချင်တာပဲသိတယ်
"ခဏပဲ ခဏ...၅မိနစ်ပဲဆက်အိပ်မှာ"
"အဲ့ဒါကြောင့် မင်းမျက်နှာဖောင်းဖောင်းလေး ဖြစ်နေတာ"
ဟမ်?! ဘာတွေလာပြောနေတာလား မနက်စောစောစီးစီး...
ကျနော်လည်း မနည်းအားယူပြီးဖွင့်ကြည့်လိုက်တော့
.
.
.
.
.
ကျနော့်ရဲ့ နေ့ရက်တိုင်းကို တောက်ပပေးနေတဲ့ မျက်နှာလေးရဲ့ပိုင်ရှင်!"ဟာ Hyung..ကျနော် အိပ်ရာထ နောက်ကျသွားလား"
"ဒါပေါ့!နာရီကြည့်လိုက်ဦး!!"
"9နာရီ...."
"မင်း အမေလည်းဖုန်းဆက်ထားတယ် Jaehyun!"
ဘာာ?!အမေက...ဖုန်း..ဖုန်းဆက်ထားတယ်
"ဟုတ်လား..အမေက ဘာတဲ့လဲ"
Gulp...သေပီ Jung Jaehyunရေ.. မင်းလိမ်တာတွေတော့ ဘူးပေါ် ပေါ်ပါပီကွာ.....
"ငါ ကိုင်လိုက်ရင် ကောင်းပါ့မလားလို့ စဉ်းစားနေရင်းဖုန်းကျသွားတာ"
Huuuuu...တော်သေးး မဟုတ်ရင် မနေ့ညက ကိစ္စတော့ ပေါ်ပီ
"ထတော့လာ..မင်းဖို့ မနက်စာ လုပ်ထားတယ်"
ကံတွေကတော့ ဆက်တိုက်ကို မိုက်ကွာ.. ညကလည်း သူ့ဘေးမှာ အိပ်ရတယ်..မနက်ကျတော့လည်းသူလုပ်ပေးထားတဲ့ မနက်စာလေးနဲ့...
"ဟုတ်လား?!!!"
"လန့်တာကွာ ဘာဖြစ်တာတုန်း"
"ဟုတ်ပါဘူး"
"ဒါပေမယ့် မစားသွားနဲ့.."
"အမ်??"
"ဟုတ်တယ်လေ ယူသွား..အမေက အိမ်မှာ မင်းကိုမျှော်နေလောက်ရောပေါ့"
"ဟုတ်ကဲ့ပါ..."
ကျနော်က ဒီမှာ အချိန်ဆွဲနေချင်သေးတာကို သူက နှင်နေလေရဲ့..
"ပြီးတော့..မင်း"
"အင်း Hyung"
"မင်း ငါ့ကိုလိမ်ထားတယ်မို့လား"
ဟာာာာ အမေနဲ့မပေါ်ဘဲ သူ့ဟာသူများ သိသွားတာလား?? အမေကယ်ပါ အဘကယ်ပါဗျာ
YOU ARE READING
Desire (Complete)
RandomJaehyun: ကျနော့်ရဲ့ ဆန္ဒက သူ့ရဲ့ပျော်ရွှင်မှုသာ... Taeyong: ကျနော်ဟာ အပြစ်ကိုထိုက်တန်လို့ စောင့်ဆိုင်းနေရမယ့်သူ။ ဒါ့ကြောင့် ကျနော့်ဆန္ဒက သူနဲ့ပြန်တွေ့မယ့်အချိန်ထိ စောင့်ဆိုင်းခွင့်... Jaehyun: ကျနော့်ရဲ့ ဆန္ဒက သူ့ရဲ့ပျော်ရွှင်မှုသာ... Taeyong: ကျနော်ဟာ...