Part (22)

303 41 2
                                    

Taeyong's POV

ရူးချင်တယ်ဆိုတဲ့ ခံစားချက်ကို Tenနဲ့တုန်းက ကောင်းကောင်းကြီး ခံစားဖူးခဲ့ပြီ ထင်နေခဲ့တာ..
မဟုတ်ဘူး...Jaehyunနဲ့မှ သိပ်ကိုရူးချင်နေမိတာ...
အကြောင်းက ကျနော်စခဲ့တဲ့ ဇာတ်ကို ကျနော်နိုင်အောင် မကနိုင်တော့လို့...။ ဒီဇာတ်မှာ အဓိက ဇာတ်ဆောင်နေရာကို ရောက်သွားတဲ့ ကျနော့်အနေနဲ့ ရှေ့လျှောက်လာမယ့်အပိုင်းတွေရယ်...နောက်ဆုံး ဇာတ်သိမ်းပိုင်းရယ်ကို ကျနော်ဘယ်လိုကရမယ်မှန်းမသိတော့တာ။
ကျနော့်ဘက်က စိတ်မပါတဲ့၊ ဘယ်လိုမှမခံစားလိုက်ရတဲ့၊ ဟန်ဆောင်မှုအပြည့်ပါနေတဲ့ မနေ့တုန်းက အနမ်းတစ်ခုကို ကလေးတစ်ယောက်ရေခဲမုန့်စားနေရသလိုဖြစ်သွားတဲ့ သူ့ကိုကြည့်ပြီး ကျနော် အရမ်းဝမ်းနည်းမိတယ်။
ကျနော် မှားခဲ့ပြီလား?? Tenကိုမေ့ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ Jaehyunကို လက်ခံခဲ့တာလည်းကျနော်ပဲ..မချစ်နိုင်တာလည်း ကျနော်ပဲ...အမှန်အတိုင်းနေဖို့ သတ္တိမရှိတော့တာလည်း ကျနော်ပါပဲ....။

"ဟေ့!"

မှိုင်ထွေထွေနဲ့ စဉ်းစားနေတဲ့ ကျနော့်ကို Yutaက လာခေါ်ရှာတယ်..

"ဘယ်လိုဖြစ်နေတာလဲ မျက်နှာက??"

"မဟုတ်ပါဘူးကွာ..ဒီလိုပဲ စဉ်းစားစရာလေးတွေရှိနေလို့"

"အံမယ်..ဘာများစဉ်းစားစရာတွေမို့လို့လဲ.."

"မဟုတ်ပါဘူးကွာ.."

ကျနော် သူ့မျက်နှာကို စိုက်ကြည့်လိုက်ပြီး ပြောရင် ကောင်းမလား စဉ်းစားနေမိတယ်

"တော်ပါပီကွာ..မင်းကိုပြောပြလည်း နားလည်မှာမဟုတ်ပါဘူး"

"ငါ့ကိုများ အထင်သေးရသေး..ပြောစမ်းပါ ဘာအကြောင်းမို့လို့လဲ..."

Yutaက ကျနော့်စကားကိုစောင့်နေရင်း ကျနော်ကလည်း စကားမပြန်ရင်းနဲ့ ကျနော်တို့ ၂ယောက်ကြားမှာ 2မိနစ်လောက်ငြိမ်သွားတယ်။

"Yuta...."

"အင်း.."

"မင်း လူတစ်ယောက်ကို လိမ်ဖူးလား?"

"ဟာ..လိမ်ဖူးတာပေါ့..။ လူတစ်ယောက်မှ မဟုတ်ဘူး အများကြီး 😁"

Desire (Complete)Where stories live. Discover now