Part (23)

308 39 3
                                    

Jaehyun's POV

ဒီနေ့ဟာ ကျနော်နဲ့ သူရဲ့ ချစ်သူသက်တမ်း တစ်လပြည့်တဲ့နေ့..
ကြားထဲမှာတော့ ထွေထွေထူးထူး ရန်ဖြစ်တာမျိုးတော့မရှိကြ။ စတွဲပြီး နောက်၂ရက်လောက်မှာပဲ နှစ်ခေါက်တောင် ဖြစ်ခဲ့ကြတာ။ ကြားထဲမှာတော့ ဘာမှမရှိကြပါဘူး..။

ဒီနေ့ဟာ ကျနော်တို့anniတစ်လပြည့်ဖြစ်တာကို ရုံးပိတ်ရက်ဖြစ်နေတဲ့အတွက် ကျနော်တော့ ဂွက်ကျပြီ။
တွေ့လည်းတွေ့ချင်တယ်..ဒါပေမယ့် သူ့ကိုလည်း မပြောရဲဘူး။

💭တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရမယ် Jung Jaehyun! Fighting!!သွားပို့လိုက်တော့..💭

သူ့ကို messageပို့မလို့ ဖုန်းကိုဖွင့်လိုက်ပြီး..အချိန်အတော်ကြာ စဉ်းစားပြီးတဲ့နောက်....
ကျနော် Kakaotalkထဲကိုပဲ ဝင်ပြီး ပို့လိုက်တယ်

"Hyung...ဒီနေ့ဘာနေ့လဲသိလား??"

1 minute
2 minutes
3 minutes
4 minutes
5 minutes
.
.
.
.
30 minutes

💭ဟာ..သူခုထိ အိပ်နေတာလား??💭

ရုံးပိတ်ရက်တွေဆို နောက်ကျတဲ့ထိ အိပ်တတ်တာ သူ့အကျင့်လေးထင်ပါရဲ့။ ကျနော်ကလည်း ဘယ်ရမလဲ
.သူonlineမဖြစ်ရင် offlineဖြစ်တဲ့ရိုးရိုးsmsပို့မှာပေါ့..

ကျနော် messageပို့ဖို့ သူ့contactလေးကို နှိပ်ပြီး စာကိုတစ်လုံးချင်းရိုက်နေလိုက်တယ်

📩Hyung...ဒီနေ့ဘာနေ့လဲ သိလား??📩

တစ်စောင်တည်းနဲ့ မကျေနပ်နိုင်တဲ့ကျနော်က

📩ဘေဘီအိပ်ပုတ်လေး..အိပ်ရာထပြီး ကိုကို့ကို ဖုန်းဆက်ပါဦး~~📩

သူ အမြင်ကတ်တဲ့ ပုံစံနဲ့ရိုက်ပြီးပို့လိုက်တယ်
ဒီနေရာမှာလည်းပဲ ကျနော် သူ့replyကို စောင့်နေရင်း အပေါ်က ပို့ခဲ့တာတွေ လှန်လှော ကြည့်မိတယ်..
သြော်..ကျနော်ကပဲ အကုန်ပို့ခဲ့တာပါလား
အခုမှကြည့်မိတယ်..ဘာမှreplyမလုပ်ထားတဲ့သူ့ကိုကြည့်ရတာ တော်တော်စိတ်ရှုပ်လို့လားမသိဘူး။
ကျနော့်ဘက်က စပြီးသဘောကျပြီး အတင်းကပ်ခဲ့တော့ ဘယ်တတ်နိုင်မလဲ...။ ပြီးတော့ ကျနော်ဆိုတာကလည်း သူသာ ကျနော့်ဘေးနားရှိနေရင် ကျေနပ်၊ ပျော်ရွှင်နေရတဲ့လူလေ..

Desire (Complete)Where stories live. Discover now