Jaehyun's POV
7 years later~~~~~~
"Aww..၇နှစ်? ကျနော်အချစ်ရဆုံးသူနဲ့ ခွဲခဲ့တာ ၇နှစ်တောင် ရှိရော့ပေါ့...သူမရှိတဲ့ အချိန်တွေက အရမ်းနှေးလွန်းပါတယ်.."
နံရံပေါ်က ပြက္ခဒိန်လေးကို ကျနော် ကြည့်ရင်း နှစ်တိုင်းပြောနေကျစကားလေးကို ဒီနှစ်လည်း ကျနော်ပြောမိနေပြန်တယ်..
ညနေ ၆နာရီထိုးသွားလို့ ရုံးဆင်းဖို့ ကျနော် ကားသော့ကို ဆွဲယူပြီး ထွက်လာလိုက်တယ်
ဒီနေ့ကတော့ ကျနော့်ရဲ့ သာမန်ရုံးဆင်းချိန်တွေထက်ထူးခြားနေပါတယ်..."မင်း ဒါလေးတောင် မလုပ်နိုင်ဘူးလား!!!!"
"ကျနော်..ကျနော် တောင်းပန်ပါတယ်"
"ငါတို့က အလုပ်သမားသစ်ဆိုပြီး တောင်းပန်လိုက်တာနဲ့ မင်းကို ခွင့်လွှတ်မယ်ထင်နေလား"
"ကျနော် တကယ်ကိုတောင်းပန်ပါတယ်ဗျာ"
ကျနော်နဲ့ မနီးမဝေးဌာနက ကလေးတစ်ယောက်ကို ဆူနေတဲ့ အသံပဲ..သေချာကြည့်လိုက်တော့ ကောင်လေးက အတော်ကြောက်နေတာပဲ..ခေါင်းတောင်ကောင်းကောင်းမဖော်ထားဘူး
"ဟာ Boss?!"
ကျနော်ကိုယ်တိုင်တောင် မသိလိုက်ဘဲ ကျနော် သူတို့ကို ကြည့်နေတာ ကြာသွားပြီပဲ
"Awwအင်း...ဘာတွေဖြစ်နေကြတာလဲ?"
"မဟုတ်ပါဘူး Boss.. ဒီကောင်လေးလုပ်တာနဲ့ စာရင်းတွေလွဲကုန်လို့ပါ"
"ပြန်ပြင်လိုက်လို့ အဆင်ပြေတယ်မလား"
"ဟုတ်ကဲ့..ဒါပေမယ့် သူနောက်ထပ်အမှားလုပ်မိမှာစိုးလို့ ဆူနေရတာပါ"
အခုထိ ခေါင်းမဖော်နိုင်သေးတဲ့ ကောင်လေးကို ကျနော်ကြည့်ပြီး ရယ်ချင်လာတာနဲ့
"ကျနော့်ကို မှတ်မိလား...........
.
.
.
.
.
.
Hyung?"သြော် လွန်ခဲ့တဲ့ ၇နှစ်လုံးပိုင်ရှင်မဲ့နေတဲ့ ဒီအခေါ်အဝေါ်လေးကို ကျနော်ခေါ်လိုက်ရတော့ သိပ်ကိုကျေနပ်မိနေတယ်..ဟုတ်ပါတယ် ကျနော် အရမ်းလွမ်းနေခဲ့ရတာ..
သူမရှိဘဲကျနော်ဘယ်လိုအသက်ရှင်ခဲ့လဲဆိုတာ မသိတော့ပါ..။
တဖြည်းဖြည်း ခေါင်းလေးကိုမော့လာပြီး မျက်လုံးအပြူးသားနဲ့ ကျနော့်ကို ကြောင်ကြည့်နေလေရဲ့
YOU ARE READING
Desire (Complete)
RandomJaehyun: ကျနော့်ရဲ့ ဆန္ဒက သူ့ရဲ့ပျော်ရွှင်မှုသာ... Taeyong: ကျနော်ဟာ အပြစ်ကိုထိုက်တန်လို့ စောင့်ဆိုင်းနေရမယ့်သူ။ ဒါ့ကြောင့် ကျနော့်ဆန္ဒက သူနဲ့ပြန်တွေ့မယ့်အချိန်ထိ စောင့်ဆိုင်းခွင့်... Jaehyun: ကျနော့်ရဲ့ ဆန္ဒက သူ့ရဲ့ပျော်ရွှင်မှုသာ... Taeyong: ကျနော်ဟာ...