Part (3)

632 69 8
                                    

Jaehyun's POV

လူက အိမ်ကနေထွက်လာတော့ ပျော်ရွှင်ပျော်ရွှင်နဲ့ အခုတော့ ကျနော် ဘေဘီ့ အိမ်တံခါးရှေ့မှါမတ်တပ်...

"Bellတီးလိုက်ရမလား"

"ငါ လာတာ စောနေသလား"

"ဘေဘီဖွင့်များပေးပါ့မလား"

ကျနော် 'လား'ပေါင်းများစွာတွေးပီး ငူငူကြီးသာ ရပ်နေလိုက်တယ်။ မသိတော့ဘူးကွာ ဝင်မယ်ဆိုပီး ခက်ခက်ခဲခဲဆုံးဖြတ်လိုက်ပြီး ခြေတစ်လှမ်းရှေ့တိုးပြီး bellတီးမယ်အလုပ်....

*ဒုန်းးးးး*

အားပါးပါး....ကြယ်တွေရော လတွေရောစုံနေတာပါလား.... အဲ့ဒီ့အချိန် ကြယ်တွေလတွေလင်းလက်နေတာကို ဖြိုခွင်းလာတဲ့ မျက်နှာလေး...

"ရရဲ့လားဟင်..ထ ထ... ကျနော်ထူပေးမယ်"

အသံလေးသေးသေးလေးကိုကျနော်ကြားလိုက်ရသော်လည်း ဘယ်သူမှန်းမသဲကွဲသေး
ကျနော် ခေါင်းကိုသေချာကိုင်ပြီး မနည်းစိတ်ထိန်းပြီးမော့ကြည့်လိုက်တော့မှ....ဟာာာ ဘေဘီလေး 💚

"ရရဲ့လားဗျာ...ကျနော် ဖွင့်လိုက်တာအတော်ကြမ်းသွားတယ်"

သြော် လက်စသတ်တော့ သူလေးတံခါးဖွင့်လိုက်လို့ကျနော် ခေါင်းထိပီး လဲသွားတာကိုးးးး
ခေါင်းက ခါးလှည့်ကွင်းလှည့်သလို မူးနေသော်လည်း

"အာ..ရပါတယ် ကျနော်ကသာ ရှေ့မကြည့် နောက်မကြည့် ဝင်မိတာ"

ဒီလိုပါပဲ 'Love makes blind'😁

"လာ လာ ကျနော်တွဲပေးမယ် ထ ထ"

အမယ်လေး သူတွဲပေးမယ်တဲ့လား? ကျနော် ကောက်ခါငင်ခါ အသက်ထွက်သွားတာမြင်ချင်လို့လား ဘေဘီရယ်..
အခုမှ ကြည့်မိလိုက်တော့ သူ ကျနော့်လက်မောင်းကို ကိုင်ထားတာပဲ
ကျနော် အတင်းဖြုတ်လိုက်ပြီး

"Taeyong..ဒီကနေဝင်ရမှာလား"

ကျနော် လက်ညိုးထိုးပြီးမေးနေသော်လည်း အပေါက်ကဘယ်နားလဲဆိုတာ အခုထိ မမြင်ရသေး

"Ha ha ha ha ha"

အမ်?သူ ရယ်နေတာလား?ရယ်နေတဲ့အသံလေးကစလို့ ပစ်ကြွေချင်စရာ..

"အဲ့ဘက်မဟုတ်ဘူး အပေါက်ကဒီမှာ"ဆိုပီး ကျနော့်လက်ကို အတင်းဆွဲခေါ်သွားတော့လေသည်..
ကျနော်မှာတော့ ခေါင်းကလည်နေတာတစ်မျိုး ဘေဘီဆွဲခေါ်နေလို့ ရင်ဘတ်ပေါက်ထွက်မတတ် ရင်ခုန်နေရတာ တစ်မျိုး စုံနေတော့တာပဲ...

Desire (Complete)Where stories live. Discover now