Part (16)

399 52 7
                                    

Jaehyun's POV

ကျနော့်သာ အသေသတ်လိုက်ပါတော့ဗျာ..
Hyungက တွဲကြရအောင်တဲ့!!!!
အခုချိန်မှာ ဘာတွေဘယ်လိုဆက်လုပ်ရမယ်ဆိုတာတောင် ကျနော် မသိတော့ဘူး ရင်ခုန်ရလွန်းလို့သေတော့မှာပဲ...
ဒီနေ့ ရုံးပြန်ဖွင့်ပြီ..အားးးး!!!သူနဲ့တွေ့ရင် ဘာစကားကို ဘယ်ကနေ ဘယ်လိုပြောရမလဲ????
မနက်ကတည်းကိုက ကျနော် တစ်တွေးတွေးနဲ့နေလာတာ အခု ရုံးထဲတောင် ရောက်ပြီ..
ဒီနေ့မှပဲ ကျနော်ပဲ စောနေသလား သူပဲနောက်ကျနေသလား မသိ? သူ့နေရာလေးကို တစ်ချက်လှမ်းကြည့်တော့ ရောက်တောင် ရောက်မလာသေးဘူး...

"Huuuuuu....ရောက်မလာသေးတာပဲ ကောင်းပါတယ်။ တွေ့ရင် ဘာပြောရမယ်မှန်းမသိဘူး.."

ကျနော် ရုံးခန်းထဲဝင်ထိုင်ပြီး လုပ်စရာရှိတာသာ ဆက်လုပ်နေလိုက်တော့တယ်

*knock*

"Nae!"

အမယ်လေးဗျ! ဝင်လာပါပြီ..ဘယ်တုန်းက ဘယ်လိုရောက်လာတာလဲ မသိဘူး???ခါတိုင်းနေ့တွေတောင် သူ့ကိုတွေ့ရင် ရင်ခုန်ပေမယ့် ဒီနေ့ကတော့ ရင်ကပေါက်ထွက်နေတာ..

"Jaehyun!..."

သေပါပြီ..။သေဆုံးပါပြီ...။ကျနော့်နာမည်ကို ခေါ်လိုက်ကတည်းက သေသွားပါပြီ။ ကျနော် ကိုင်ထားတဲ့ စာရွက်ကြီး ဒီတိုင်းကိုင်နေပြီး ဘာမှတောင် ပြန်မပြောနိုင်ဘူး..။

"ဒီနေ့အတွက် scheduleတွေက #&&&$-:&#/&./$*.-#&:/&-.&.-#&$$-:&$&"

အိမ်းးးး ပြောနေ ပြောနေ ကျနော်က တစ်လုံးမှ နားထဲမဝင်ဘူး

"အဲ့ဒါတွေပဲ..Jaehyun!Jaehyun..."

မလှုပ်မယှက်နဲ့နားထောင်နေတော့ ထူးဆန်းနေလို့ အနားကိုကပ်လာတယ်ထင်ပါ့..။ဘယ်ဖြစ်မလဲ သူ အနားကပ်လာရင် ကျနော် ရင်အခုန်လွန်ပြီး အသက်ထွက်သွားမှာ...။

ဒါ့ကြောင့် ကျနော် စာရွက်ကို ဖယ်ပြီး ခေါင်းကိုအမြန်မော့လိုက်တော့

~1 sec~
~2 sec~
~3 sec~
~4 sec~
~5 sec~

ကျနော်နဲ့ ၃လက်မပဲ ကွာတော့တဲ့ အခြေအနေကို ရောက်နေပြီး သူရော ကျနော်ရော အပြန်အလှန် မျက်နှာ၊ မျက်လုံးတွေကို စိုက်ကြည့်မိနေတယ်
ခဏကြာတော့ သူလည်း ပြန်ခွာသွားပြီး

Desire (Complete)Where stories live. Discover now