ခြေလှမ်း​လေးရဲ့အစ

29.1K 1.5K 103
                                    

အကြင်​နာသာ တကယ်​စစ်​ရင်​အသွားနဲ့အပြန်​ဆိုတာ ရှိမှာပါဆို။

တကယ်​သာဆို မင်းကလမ်း​ဖောက်​ပေးခဲ့ပြီး ငါတစ်​ယောက်​တည်းပဲ ဆက်​လျှောက်​ပြန်​လှည့်​ခဲ့ရတာပါ။

ဖန်​တရာ​ကျေ​အောင်​အမှတ်​မရှိထပ်​ခါထပ်​ခါ​လျှောက်​ရင်း မင်းကို​တွေ့မလားဆိုတဲ့စိတ်​နဲ့ ငါဟာမိုက်​မဲဆဲ။

​နောက်​ဆုံး ငါ​ပြန်​တွေ့ခဲ့ရတာ အချစ်​လို့မင်း​ပြောတဲ့ အလျားအနံမရှိသလို အသွားအပြန်​လည်းမရှိတဲ့ အတုအ​ယောင်​တွေသာ။

​မနက်​ခင်း​ရောင်​နီ​နေမင်းကြီးရဲ့ အလင်း​အောက်​မှာ နိုးထလာတဲ့ လူ​တွေက ဟိုမှသည်​သည်​မှဟို သွားလာ​နေကြသည်​။

တချို့​သောနိုးထခြင်းမရှိ​သေးတဲ့ အ​ဆောက်​အဦး​တွေက​တော့​အလင်း​ရောင်​ဖျော့​ဖျော့​အောက်​မှာ မှုန်​မှိုင်းရီ​ဝေစွာ တိတ်​ဆိတ်​နေဆဲ။

"က​လောင်​က​လောင်​က​လောင်​"

​ခေါင်း​လောင်းသံက အဆက်​မပြတ်​မြည်​နေ​ပေမဲ့​ကျောကအိပ်​ရာမှ မခွာနိုင်​တာ​ကြောင့်​အုံး​ထား​သော​ခေါင်းအုံးကိုဆွဲယူကာ နား​ပေါ်တင်​လိုက်​ပြီး လက်​နဲ့ဖိကာ ဆက်​အိပ်​နေလိုက်​သည်။

"က​လောင်​က​လောင်​က​လောင်​"

မရမကဆက်​အိပ်​နေ​သော်​လည်း​ခေါင်း​လောင်းသံက​ပျောက်​ကွယ်​မသွား။အိပ်​နေတုန်း​နှောင့်​ယှက်​ခံရတာ​လောက်​သူမုန်းတာမရှိ။

"ဒုန်း ဒုန်း"

"Park Jimin သွားကွာ ကြိုးသွားဆွဲ​ချေ "

"မင်းသွားဆွဲပါ့လား ငါအိပ်​ဦးမှာ"

​ဘေးချင်းကပ်​က ကုတင်​မှာအိပ်​နေတဲ့ တစ်​ကျောင်းတည်းသား သူငယ်​ချင်းက သူ့ကုတင်​ကို​ခြေ​ထောက်​ရှည်​ကြီးနဲ့ လှမ်းကန်​ကာ​ခေါင်း​လောင်းကြိုးကို ဆွဲခိုင်း​နေသည်​။

"က​လောင်​က​လောင်​က​လောင်​"

"သွားပါကွာ သူငယ်​ချင်းကလည်း ဝရံတာကမင်းနဲ့ပိုနီးတယ်​သွားဆွဲလိုက်​ပါ"

"ကျစ်​အိပ်​ချင်​ပါတယ်​ဆိုကွာ"

​ခေါင်းအုံးကိုဖယ်​ကာ​စောင်​ကိုဖြစ်​သလို ကန်​ထည့်​လိုက်​သည်​။ထို့​နောက်​ကုတင်​ပေါ်ကဆင်းကာ ကြိုးဆွဲရန်​အတွက်​ဝရံတာဆီကို မျက်​နှာမကြည်​မလင်​နဲ့ ထွက်​ခဲ့လိုက်​သည်​။

❝𝐒𝐓𝐀𝐑 𝐎𝐍𝐋𝐈𝐍𝐄❞Where stories live. Discover now