"လှုပ်လီလှုပ်လဲ့ တိုက်ခတ်နေသည့်လေပြေတွေနောက်မှာ မာယာကြွယ်စွာစောင့်ဆိုင်းနေတတ်သောလေပွေတဖြာရှိဖူးလေ၏။"
ခပ်သဲ့သဲ့လွင့်ပျံ့နေတဲ့တေးသွားသံကအဖြူရောင်တို့ပြည့်နှက်နေသည့်အခန်းကျယ်ကြီးကို သိသိသာသာပင်အသက်သွင်းနေသည်။ဒေါက်ဖိနပ်သံတခွပ်ခွပ်နောက်မှာလိုက်ပါလာတဲ့ သူ့ခြေလှမ်းတိုင်းကမြေပြင်ရဲ့ဆွဲအားကိုပင်မလုံလောက်နိုင်အောင်တုန်ခါလို့နေသည်။
"ဒါအဝတ်လဲခန်းပါ ဧည့်သည်အချိန်ယူပြီးစိတ်တိုင်းကျပြင်ဆင်လို့ရပါတယ်ရှင့်"
ဆိုင်ဝန်ထမ်းမလေးကို မနုမရင့်အပြုံးတစ်ခုသာ စွန့်ကြဲလိုက်ရင်း အသက်ကိုဝအောင်ရှူကာ အခန်းထဲကိုခြေချလိုက်သည်။ရှေ့တည့်တည့်က မှန်ပြင်မှာပေါ်နေတဲ့ သူ့ပုံရိပ်ဟာပျော်ရွှင်ခြင်း၊ရင်ခုန်ုခြင်း၊စိတ်လှုပ်ရှားခြင်းတို့ကို ထပ်တူထပ်မျှခံစားနေရမှန်းပေါ်လွင်စေလှသည်။
အတတ်နိုင်ဆုံး စိတ်တည်ငြိမ်အောင်လုပ်ကာ အဝတ်တွေကိုလဲလိုက်သည်။ဖြူစွတ်စွတ်ဝတ်စုံက ခန္ဓာကိုယ်ထက်ရောက်လေတော့ကောင်းခြင်းအဖြာဖြာကို လက်ဝယ်ပိုင်ဆိုင်လိုက်ရသလို။အလိုအလျောက်ကော့တက်သွားတဲ့ နှုတ်ခမ်းဖူးတွေကြောင့်အနီးအနားရှိ သက်မဲ့မှန်ပြင်တွေပင်ငေးမောနေကြလေမလား။
"Jungkook"
နားစည်ဖျားဆီရိုက်ခတ်လာတဲ့ခေါ်သံကိုကြားတာနဲ့ စိတ်လှုပ်ရှားမှုကြောင့်ပွတ်သပ်နေမိတဲ့လက်တွေကို ကမန်းကတန်းပစ်ချလိုက်မိသည်။စက္ကန့်ရဲ့သုံးပုံတစ်ပုံအတွင်းမှာပင်Jungkookရဲ့ခေါင်းကတခြမ်းလည်သွားခဲ့ရပြီ။
"H-Hyung~~"
ဝိုင်းစက်ပြန့်ကားသွားတဲ့ မျက်ဝန်းတွေကြားမှာ သူနေရခက်လာသည်။မည်သည့်စကားမှထွက်ကျမလာခြင်းက ပိုလို့ပင်နေရခက်စေသည်။ခပ်ဖြေးဖြေးပိတ်ချလိုက်တဲ့ မျက်လွှာတွေက အရှက်ပြေစေလောက်သည်။