ားရုံးသည် စကားသံများနှင့်ကျွတ်ကျွတ်ညံနေရာမှ ရုတ်ချည်းဆိုသလို မီးကိုရေနဲ့ဖြန်းလိုက်သကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားရသည်။မကြာမီ လူတိုင်းသိချင်နေတဲ့ စီရင်ချက်ချတော့မည်။
"ဘယ်လိုပဲဖြစ်ဖြစ် သူ့အပြစ်ကထင်ရှားနေတာပဲ"
"တကယ်ပဲ အပြစ်ကလွတ်ပါ့မလား"
တစ်ယောက်တစ်ခွန်း ထင်မြင်ချက်တွေရဲ့မလှမ်းမကမ်းမှာ သူရပ်လို့နေသည်။သူ....နာကျင်ရလွန်းလို့ မျက်ရည်ဆိုတာ ထွက်တောင်မကျတော့ဘူး။
"Hyung~"
ပကတိလှုပ်ရှားမှုမဲ့နေတဲ့ Hyungရဲ့မျက်နှာလေးကို Jungkookကြည့်နေမိသည်။ရုံးတော်တစ်ခုလုံး ဗြောင်းဆန်နေရင်တောင် Hyungရင်ထဲမှာ အေးခဲနေတာကို Jungkook ခံစားလို့ရသည်။Hyungနဲ့ ဒီပုံစံကမလိုက်ဖက်ဘူးလေ Hyungရာ။
"Jiminက ခေါင်းမာပေမဲ့ အားလုံးအဆင်ပြေသွားမှာပါ"
Taehyungနဲ့Hoseokရဲ့ အားပေးစကားကို Jungkookအသိအမှတ်ပြုရုံသာ ခေါင်းငြိမ့်ပြလိုက်သည်။အခု ဒီတရားရေးအဆုံးအဖြတ်ကို တစ်နိုင်ငံလုံးက စောင့်ကြည့်နေကြသည်။
မနီးမဝေးမှာရှိနေတဲ့ Hyungရဲ့မိဘတွေကတော့ အပူရုပ်ကို ဟန်လုပ်လို့တောင် မပြုံးနိုင်တော့။သို့ပေတည့် နှစ်ဦးစလုံးသည် ၎င်းတို့၏သားကဲ့သို့ ရေသေပမာ မျက်နှာတို့တည်နေကြသည်။
တချက်တချက်ရှိုက်သံသာ ထွက်မလာလျှင် Hyungရဲ့မိခင်ဖြစ်သူ ငိုနေတာကိုသိအံ့မထင်။Hyungရဲ့ခေါင်းမာမှုက မိဘတွေဆီကများ ဆင်းသက်လာလေသလား။ဒါပေမဲ့လည်း Hyungရယ်။
"တရားသူကြီးခင်ဗျား တရားသောအမှု ဖြစ်စေဖို့အတွက်စီရင်ချက်ချပေးဖို့ တောင်းဆိုပါတယ် "
ဟက်။
Jimin နှုတ်ခမ်းတွန့်ရုံပြုံးလိုက်သည်။တရားသောအမှုတဲ့လား။သူ့ရဲ့မထီမဲ့မြင်လုပ်မှုကြောင့် တရားလို,လီဆိုယောင်းရဲ့
ရှေ့နေမျက်နှာက မဲ့ကျသွားသည်။
YOU ARE READING
❝𝐒𝐓𝐀𝐑 𝐎𝐍𝐋𝐈𝐍𝐄❞
Fanfictionကြယ်တွေကို မရေတွက်နဲ့။ အကယ်၍ ကိုယ့်အသက်ကိုယ်နှမြောရင်ပေါ့။