"ထိုင်မောင်လေး"
အဆင်သင့်ထိုင်နေတဲ့ အမျိုးသမီးကို သူအရိုအသေပေးလိုက်ကာ ညွှန်ပြသောမျက်နှာချင်းဆိုင်ထိုင်ခုံမှာ ထိုင်လိုက်သည်။
"ဒီအပတ်ထဲမှာ သီချင်းတွေကိုသေချာပြင်ဆင်ဖို့လုပ်ထားတယ်နောက်ပြီး ဒါက မင်းကိုကမ်းလှမ်းလာတဲ့ကြော်ငြာတွေ"
"ဗျာ"
Jungkook အံ့ဩသွားရသည်။ကြော်ငြာဆိုပဲ။တကယ်တမ်း သရုပ်ဆောင်ဖို့ဆိုတာက သူ့ဝါသနာထဲမပါ။သူသိတာ သီချင်းတွေဆိုမယ် ပရိသတ်တွေကို စိတ်တိုင်းကျစေမယ်နောက်ပြီး ချစ်ရသူHyungနဲ့ရှေ့ဆက်ပြီး လက်တွဲသွားမယ် ဒါလောက်သာ။
"ဘာဖြစ်လို့လဲ မလုပ်ချင်လို့လား"
"အမှန်တိုင်းပြောရရင် ကျွန်တော်မလုပ်ချင်ဘူး ဝါသနာလည်းမပါဘူး"
သူ့ရှေ့က မမ တဖြစ်လဲ ကိုယ်စားလှယ်Lee SoYoung(လီဆိုယောင်း)ကတော့ သူပြောသမျှကိုခေါင်းတငြိမ့်ငြိမ့်နဲ့သာ နားထောင်နေသည်။
"ကောင်းပြီလေ မင်းမလုပ်ချင်ရင်လည်း အတင်းမခိုင်းပါဘူး "
အချိန်ကိုက်ဆိုသလိုဘောင်းဘီအိတ်ကပ်ထဲထိုးထည့်ထားတဲ့ ဖုန်းက သိသိသာသာပင် တဒီးဒီးနဲ့တုန်လာတာကြောင့် အားနာစွာတချက်ကြည့်လိုက်ပြီး ဖုန်းကိုထုတ်လိုက်သည်။
ခေါ်ဆိုသူနေရာမှာပေါ်နေတဲ့Hyung နာမည်ကြောင့်Jungkookအလိုလို ပြုံးသွားရသည်။သူ့အခြေအနေကို အကဲခတ်နေတဲ့ လူတစ်ယောက်ရှိနေမယ်ဆိုတာကို Jungkookမေ့သွားသည်။
"အရေးမကြီးရင်မကိုင်ပါနဲ့လား"
"ဗျာ"
တဖက်ကလည်း အလုပ်ရှင်တခြားတဖက်ကလည်း ချစ်ရသူဖြစ်နေတာကြောင့်Jungkookအကြံအိုက်သွားရသည်။မကိုင်ရင်လည်းသေချာပေါက်Hyung စိတ်ဆိုးသွားပေမည်။ကိုင်လိုက်ပြန်ရင်လည်း အလုပ်ရှင်ကိုမလေးစားရာ ကျပေသည်။
နောက်ဆုံးတော့ ချီတုံချတုံဖြစ်နေတဲ့အချိန်အတွင်းမှာပဲ ဖုန်းလေးက ပြတ်ကျသွားခဲ့သည်။Hyungက တစ်ခါခေါ်မရရင်နောက်တစ်ကြိမ်ထပ်ဆက်သွယ်မဲ့ လူမျိုးမဟုတ်တာ သူသိသည်။Hyungက သိပ်စိတ်ကြီးလွန်းတာ။
YOU ARE READING
❝𝐒𝐓𝐀𝐑 𝐎𝐍𝐋𝐈𝐍𝐄❞
Fanfictionကြယ်တွေကို မရေတွက်နဲ့။ အကယ်၍ ကိုယ့်အသက်ကိုယ်နှမြောရင်ပေါ့။