ကြယ်​တစ်​ပွင့်​ချိတ်​ဆွဲခြင်း(၁)

6.3K 1K 67
                                    

အချိန်​တွေက အကုန်​မြန်​လှသည်​။ဒီဇင်​ဘာလထဲကိုချင်းနင်းဝင်​ရောက်​စ​ပြု​နေပြီဖြစ်​တာ​ကြောင့်​ဆောင်းက တဖြည်းဖြည်းနဲ့ အသက်​ဝင်​လာခဲ့သည်​။

ခရစ်​စမတ်​ရောက်​မဲ့အချိန်​နီးလာ​လေ​လေ ခရစ်​စမတ်​ရဲ့အမှတ်​အသားများဖြစ်​ကြတဲ့ ခရစ်​စမတ်​သစ်​ပင်​လေးများ၊ဖန်​ဘူးလှလှထဲရှိ သကြားလုံးလှလှ​လေးများ၊ပို့စကတ်​လေးများ၊အဖြူနဲ့အနီ​ရောစပ်​သော အသုံးအ​ဆောင်​ပစ္စည်းများကို​နေရာတိုင်းလိုလို​တွေ့​နေရသည်​။

ခရစ်​စမတ်​ရဲ့​တေးသံတို့ကလည်း လမ်းတစ်​လျှောက်​ခပ်​ညင်းညင်း ပျံ့လွင့်​နေခဲ့သည်​။​မေ့ထားလို့မရတဲ့ အဖြူ​ရောင်​နှင်း​ဖွေး​ဖွေး​တွေကလည်း​ပျော်​ရွှင်​မြူးထူးစွာ ကခုန်​လျက်​ရှိသည်​။

အိမ်​ပြန်​ရန်​အတွက်​ဘတ်​စ်​ကားအလာကို မှတ်​တိုင်​ကထိုင်​ခုံ​လေးထက်​မှာ ထိုင်​နေရင်းက​စောင့်​နေမိသည်​။တဖွဲဖွဲကျဆင်း​နေတဲ့ နှင်း​တွေကြားမှာ လှုပ်​ရှားသွားလာ​နေကြတဲ့ လူ​တွေကို အ​ကြောင်းမဲ့စွာ လိုက်​ကြည့်​နေမိသည်​။

မနက်​ဖြန်​ဆိုရင်​ဆိုးလ်​မှာ တတိယနှစ်​ကျောင်းသားကြီးအဖြစ်​ကျောင်းသွားတက်​ရ​တော့မည်​။​ကျောင်းကိုလည်းလွမ်းသလို အိမ်​ကိုလည်းမခွဲချင်​။

ဒါဆို ထို​ကောင်​လေးကို​ရော?။

သတိရမိသည်​နှင့်​တပြိုင်​နက်​အိတ်​ကပ်​ထဲက ဖုန်း​လေးကိုထုတ်​ကာ မက်​ဆေ့ခ်ျ​ထဲကိုဝင်​ကြည့်​လိုက်​မိသည်​။အရိပ်​က​လေးဆိုတဲ့ နာမည်​လေးမှ ပို့ထားတဲ့ မက်​ဆေ့ခ်ျ​က လွန်​ခဲ့​သော နာရီပိုင်းကပင်​။

"Hyungဆီကို ဖုန်းဆက်​ချင်​လွန်းလို့ ရူး​တော့မယ်​ထင်​တယ်​"ဆို​သော စာ​ကြောင်း​လေးကိုအ​ခေါက်​ခေါက်​ဖတ်​ကြည့်​နေမိရင်းက ပြုံး​နေမိခဲ့သည်​။

"ပွဲကိုသာ အာရုံစိုက်​ပါ ဒီ​နေ့​သေ​ချာ​ပေါက်​Top 3ထဲ ပါရမယ်​"

​ကောင်​လေးဆီကို ပြန်​စာပို့ပြီးတဲ့​နောက်​အ​အေးဒဏ်​ကိုအံတုကာ လက်​နှစ်​ဖက်​ကို အ​နွေးဓာတ်​ရလိုရငြား အာ​ငွေ့​ပေး​နေမိသည်​။

❝𝐒𝐓𝐀𝐑 𝐎𝐍𝐋𝐈𝐍𝐄❞Tahanan ng mga kuwento. Tumuklas ngayon