Both Unicode and Zaw Gyi are available
Unicode Version
ဒီအတိုင်း ရပ်စောင့်နေပါတယ်
တခါတခါ နာမည်ခေါ်သံကိုကြားရမလား
တစ်ဖဝါးမှ မရွေ့ရဲဘူး
ရှာမတွေ့ဘဲနေမှာစိုးတဲ့စိတ်နဲ့။ပထမဦးဆုံးအချစ်မို့
ဘယ်အချိန်ထိ စောင့်နေရမလဲ
ဘယ်လမ်းက ရောက်လာလေမလဲဆိုပြီး....
အကယ်၍
မင်းသာ ပြန်လာခဲ့ရင်။"Hyung ဘယ်မှာလဲ"
"အဲ့ဒါက အခုထိ သတင်းမရသေးဘူး"
"အခုထိလေ?"
Taehyungတို့ လေးဖင့်စွာဘဲ ခေါင်းငြိမ့်ပြမိသည်။Jiminဆေးရုံကပျောက်သွားတဲ့ညမှာ Jungkookလည်း ကားတိုက်ခံရသည်။ အသက်အန္တရာယ် စိုးရိမ်ရတာမျိုးမဟုတ်ခဲ့ပေမဲ့ ခြေထောက်တွေကို ယခုအချိန်ထိ အနားပေးထားရသည်။
"ဘူဆန်ကိုလည်းရောက်ခဲ့တယ် ဒါပေမဲ့ Jiminမိသားစုကိုမတွေ့ခဲ့ဘူး အဲ့ကလူတွေပြောတာတော့ ပြောင်းသွားကြပြီဆိုလား"
Hyungဘယ်ရောက်နေလဲဆိုတာကို ဘယ်သူမှ ရေရေရာရာမသိခဲ့ပါဘူး။သူအပါအဝင်ပေါ့။
အဲ့လောက်လွယ်သလား။မျက်လှည့်ပြလိုက်သလို သူ့အနားကနေ Hyung ပျောက်ကွယ်သွားဖို့လေ။ဒီလောက်လွယ်ကူရလား။
"သူပြန်လာမှာပါ"
နေ့တိုင်းကြားနေရတဲ့ နှစ်သိမ့်စကားတွေကို သူနားရည်ဝနေခဲ့ပြီ။သို့တိုင်အောင်ပင် တစ်စုံတစ်ယောက်က Hyung ပြန်လာမယ်လို့ပြောလာခဲ့ရင် သူယုံနေမိဦးမှာပဲ။
ကူကယ်ရာဆိုတာ ဗလာဖြစ်နေချိန် ဆုပ်ကိုင်ထားမိတာက မရေရာခြင်းများ။လက်မခံလိုခြင်းနောက်မှာ ဖက်တွယ်ထားမိတာက အစစ်အမှန်ထင်ရတဲ့အရာများ။ထိုအခြင်းအရာတို့သည် ပင်ပန်းဆင်းရဲကြီးခြင်းစင်စစ်ဖြစ်သည်။
သူမရှိဘဲ Hyungနေနိုင်ပါ့မလား။သူကတော့ မနေနိုင်ပါဘူး။ထို့အတူ သေလည်းမသေနိုင်။တကယ်လို့ Hyungသာပြန်လာရင်ဆိုပြီး စောင့်ရတာကိုစိတ်မရှည်တဲ့ သူကတော့ အချိန်တိုင်းစောင့်နေမိတာ။
ညတာတွေကလည်းရှည်သည်။နေ့တာကလည်း တိုမသွား။အများနှင့်မတူသည့် သီးသန့်ကမ္ဘာတစ်ခုမှာ Hyungအတွက် သူရှင်သန်နေသည်။
YOU ARE READING
❝𝐒𝐓𝐀𝐑 𝐎𝐍𝐋𝐈𝐍𝐄❞
Fanfictionကြယ်တွေကို မရေတွက်နဲ့။ အကယ်၍ ကိုယ့်အသက်ကိုယ်နှမြောရင်ပေါ့။