ရူးသထက်​ရူး

6.8K 1K 76
                                    

တီ တီ တီ။

တိတ်​ဆိတ်​နေတဲ့ အခန်း​လေးကို​နှောင့်​ယှက်​လိုက်​တဲ့ နာရီနှိုးစက်​သံ​ကြောင့်​အိပ်​ပျော်​နေရာက နိုးထလာတဲ့ လူတစ်​ယောက်​။

ရင်​ခွင်​ထဲမှာ နှိုးစက်​သံကိုပင်​ဂရုမစိုက်​ဘဲ အိပ်​မောကျ​နေတဲ့ လူသားရဲ့နဖူးပြင်​ကို ခပ်​ဖွဖွ​လေးနမ်းလိုက်​ပြီး​နိုးမသွား​အောင်​အသာအယာထခဲ့လိုက်​သည်​။

ထို့​နောက်​ပြန့်​ကျဲ​နေတဲ့ အဝတ်​အစား​တွေကို​ကောက်​ယူကာ ဖြစ်​သလိုလျှိုဝတ်​လိုက်​သည်​။ရုတ်​တရက်​ဖုန်းကိုသတိရသွားကာ အခန်းထဲမှာပင်​ဟိုနားရှိနိုးနိုး ဒီနားရှိနိုးနိုးနဲ့ လိုက်​ရှာ​နေမိသည်​။

သို့​သော်​လည်း​တော်​တော်​နှင့်​ရှာမ​တွေ့တာမို့​ခေါင်းကုတ်​ကာ​ရေချိုးဖို့ကိုပဲ အာရုံ​ပြောင်းလိုက်​တော့သည်​။အခုချိန်​ထိ အိပ်​ပျော်​နေတဲ့ Hyungကို​တော့ မနှိုးရက်​တော့။Hyungက ပိုပင်​ပန်းမှာပဲ​လေ။

​ပါးကိုထပ်​လာနမ်းပြီး သီချင်း​လေးတညည်းညည်းနဲ့​ရေချိုးခန်းထဲကို Jungkookဝင်​သွားပြီ ဆိုတာနဲ့ Jimin မျက်​လုံး​တွေက အလိုလိုပွင့်​လာသည်​။

ကုတင်​ပေါ်က အသာထကာ​မ​နေ့ညက Jungkookဖုန်းရှိတဲ့ ဧည့်​ခန်းထဲကိုသွားကာ ဖုန်း​လေးကို တိတ်​တဆိတ်​ယူခဲ့လိုက်​သည်​။​ရေချိုးခန်းဆီက​ရေကျသံသဲ့သဲ့ကို ကြား​နေရတာမို့ ဖုန်းကိုအမြန်​ဖွင့်​ကာ လီဆို​ယောင်းဆီမှ အဝင်​ကောလ်​များနှင့််မက်​ဆေ့ခ်ျ​မှန်​သမျှကို ဖျက်​ပစ်​လိုက်​သည်​။

စိတ်​ထဲတွင်​တော့ အလုံးကြီးကျသွားသလို ခံစားလိုက်​ရကာ ဖုန်းကို စားပွဲ​ပေါ် ဖြစ်​သလိုပစ်​တင်​လိုက်​သည်​။အခုမှ သတိထားမိတယ်​။မိုးအရှိန်​ကြောင့်​လားမသိ ယ​နေ့မနက်​သည်​ပိုပြီး​အေး​နေသလိုပင်။

သိပ်​မကြာခင်​Jungkook​ရေချိုးပြီး​တော့မည်​။​အင်္ကျီထုတ်​ပေးထားချင်​လိုက်​တာ လို့​တွေး​လိုက်​တုန်းရှိ​သေးတယ်​လူက အလိုလို အဝတ်​ဘီဒို​ရှေ့ကို​ရောက်​နေ​လေပြီ။

အဖြူအပြာစပ်​တဲ့ လက်​ရှည်​အင်္ကျီတစ်​ထည်​နဲ့ဂျင်းကို​စိတ်​ရှည်​လက်​ရှည်​ရွေးထုတ်​ပြီးချိန်​မှာ အချိန်​ကိုက်​ဆိုသလို Jungkookတစ်​ယောက်​ရေချိုးခန်းထဲက ထွက်​လာသည်​။

❝𝐒𝐓𝐀𝐑 𝐎𝐍𝐋𝐈𝐍𝐄❞Where stories live. Discover now