ကျောင်းတော်ကြီးဆီသို့ ဦးတည်နေတဲ့ခြေလှမ်းတစ်စုံရဲ့နောက်က ထပ်ချပ်မကွာလိုက်ပါလာတဲ့ အခြားခြေလှမ်းတစ်စုံကို သူသတိထားမိသည်။
နှုတ်ခမ်းထက်စွန်းထင်းသွားတဲ့ အပြုံးတစ်ခုနဲ့အတူ လှမ်းလက်စခြေလှမ်းတွေကို ရပ်လိုက်တော့နောက်ကခြေသံလေးလည်းပျောက်ကွယ်သွားသည်။
ခေါင်းကိုအနည်းငယ်ငဲ့စောင်းကြည့်လိုက်သောအခါ အဖြူရောင်ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းကာ ရပ်နေသော လူတစ်ယောက်ကိုတွေ့ရသည်။
ဘာကိစ္စသူ့နောက်ကို ထပ်ချပ်မကွာလိုက်နေရတာလဲ။အကြောင်းရင်းက ဘာများလဲ။ရှည်ရှည်ဝေးဝေးတွေးမနေဘဲ တန်းကောက်ချက်ချနိုင်သည်။
ထိုလူသားသည်သူ့ကိုသဘောကျနေတာဖြစ်သည်။ဒီအဖြေက ယုတ္တိအရှိဆုံးပဲ။ခက်တာက လောလောဆယ်ကိုယ့်ဘက်ကစိတ်မပါတာ။ဒီလူတော့ ပင်ပန်းတော့မှာပဲ။
ကိုယ့်အတွေးကို သဘောကျစွာတချက်ရယ်ကာခေါင်းယမ်းလိုက်ရင်းကရှေ့ဆက်လျှောက်ခဲ့သည်။နောက်ပါးဆီက အရိပ်သည်လည်း ထပ်မံ လှုပ်ရှားလာခဲ့သည်။
ရုတ်ချည်းဆိုသလို အနောက်ကိုပြန်လှည့်ကာ လာရာလမ်းအတိုင်းသွားလိုက်တော့ အဖြူရောင်အရိပ်လေးသည်လည်းကြောင်တောင်တောင်ဖြစ်သွားပုံရသည်။
အရိပ်လေးကိုကျောပေးလျက်နှုတ်ခမ်းတွေကိုတွန့်ကွေးကာ ပြုံးလိုက်ရင်းက အရိပ်လေးသိအောင်လက်ထောင်ပြကာ နှုတ်ဆက်လိုက်သည်။
နေရာမှာ ရပ်လျက်ကျန်ခဲ့သောကောင်လေးတစ်ယောက်ကတော့ သဘောကျနေသည်ကိုသတိထားမိသွားတာကြောင့်မျက်နှာလေးအနည်းငယ်နီနေပေမဲ့ခေါင်းကဆံပင်တွေကိုဖွကာ အမှတ်တမဲ့ရယ်မောလိုက်မိသည်။
ထိုအချိန်တုန်းကတော့တဖျတ်ဖျတ်တိုက်ခတ်နေတဲ့လေပြေတွေကို ချစ်ခဲ့ဖူးလေသည်။
"Jimin"
စိန်ပန်းနီနီတွေ ပြန့်ကျဲနေတဲ့ လမ်းလေးပေါ်မှာ အနောက်မှကြားလိုက်ရတဲ့ခေါ်သံ။ရင်းနှီးနေတဲ့ခေါ်သံကိုနောက်လှည့်ကာ အပြုံးလေးနဲ့တုံ့ပြန်လိုက်ပြီး နှစ်ယောက်သားဘေးချင်းယှဉ်လျက်အတန်းဆီသို့လျှောက်ခဲ့ကြသည်။
ŞİMDİ OKUDUĞUN
❝𝐒𝐓𝐀𝐑 𝐎𝐍𝐋𝐈𝐍𝐄❞
Hayran Kurguကြယ်တွေကို မရေတွက်နဲ့။ အကယ်၍ ကိုယ့်အသက်ကိုယ်နှမြောရင်ပေါ့။