ချစ်​မိတယ်​ဆိုတာ

6.8K 1.1K 74
                                    

တရိပ်​ရိပ်​ဖြတ်​ကျော်​လာတဲ့ သစ်​ပင်​တွေ၊လမ်းမ​တွေ၊လူ​နေအိမ်​တွေရဲ့ အ​ဝေးမှာ ဆိုးလ်​မြို့​လေး ကျန်​ရစ်​ခဲ့သည်​။

​တိမ်​တွေထဲ ရရင်​ရသလို​ပြေးဝင်​ပုန်းတတ်​တဲ့​နေမင်းကြီး​အောက်​မှာ လတ်​ဆတ်​တဲ့​လေထုကို ကားပြတင်း​ပေါက်​က​နေ တစ်​ဝကြီးရှူရှိုက်​လိုက်​သည်​။

တဆက်​တည်းဆိုသလို​မ​နေ့ညက အ​ကြောင်းကို​တွေးလိုက်​မိ​တော့ အလိုလိုပြုံးမိသွားတဲ့ နှုတ်​ခမ်းများ။လည်​ပင်းဆီမှာ ပတ်​ထားတဲ့ ပုဝါ​လေးကို ခပ်​ဖွဖွကိုင်​လိုက်​မိတဲ့အခါ ကြယ်​တွေကိုကြည့်​ရတဲ့ အရသာကို ခံစားလိုက်​မိသည်​။

Jungkook ငါမင်းနဲ့အတူ တခါ​လောက်​တော့ ကြယ်​တွေကို​ရေတွက်​ချင်​ပါတယ်​။

"​မေ့"

"သားငယ်​လေး အမ​လေး​မေတို့က သားကို​မျှော်​နေတာ လာပါဦး"

"သားက​မေ့ကို လွမ်း​နေတာ"

လက်​ထဲက အဝတ်​ထုတ်​ကိုပစ်​ချလိုက်​ပြီး မိခင်​ဖြစ်​သူကို ဖက်​တွယ်​ကာ နှုတ်​ခမ်း​လေးစူလျက်​ချွဲလိုက်​ပုံက ပီဘိ က​လေးငယ်​လေးသဖွယ်​။

"​မေ့သား​လေးကို ဒီကလည်းလွမ်း​နေတာ သားအ​ဖေရှိတယ်​ဝင်​ရ​အောင်​အေးတယ်​မလား ကြည့်​ပါဦး ပါး​လေး​တွေရဲ​နေပြီ လာလာ အထဲဝင်​ကြမယ်​"

​"ဟုတ်​ကဲ့ပါ"

ပါလာတဲ့ အထုတ်​ကိုဆွဲကာ အိမ်​လေးထဲကိုဝင်​သွားတဲ့​နောက်​ချစ်​စရာ​ကောင်းတဲ့မိသားစု​လေး အလွမ်းသယ်​နေကြသည်​ကို​တွေ့မြင်​ရ​လေသည်​။

"Hyung အိမ်​ပြန်​ရောက်​ပြီလား"

"အင်း​ရောက်​ပေါ့"

အိမ်​ပြန်​ရောက်​ပြီးလို့ ည​နေ​စောင်း​လောက်​မှာ Jungkookဆီမှ ဖုန်းဝင်​လာ​လေသည်​။အချိန်​မှန်​တဲ့ အချစ်​ကျောင်းသား​လေးက ဇွဲကြီးလှသည်​။

"လွမ်းလိုက်​တာဗျာ"

"​အောင်​မာ မင်းနဲ့ငါဘာဆိုင်​သေးလို့လဲ"

အလိုမကျစွာ သူ​ပြောလိုက်​တော့ ရယ်​သံချိုချို​လေးကို ကြားလိုက်​ရသည်​။ဒီဘက်​မှသူလည်း အကျင့်​အတိုင်း နှာ​ခေါင်း​လေးရှုံ့လိုက်​မိသည်​။ရယ်​ရ​အောင်​ဟာသ​ပြောတာကျလို့။

❝𝐒𝐓𝐀𝐑 𝐎𝐍𝐋𝐈𝐍𝐄❞Donde viven las historias. Descúbrelo ahora