"ကျေးဇူးတင်ပါတယ်ဆရာမ"
အတန်းချိန်ပြီးလို့ ဆရာမထွက်သွားပြီဆိုတာနဲ့ လွယ်အိတ်ကိုဖြစ်သလိုဆွဲယူကာကျောင်းတော်ကြီးထဲကနေမပြေးရုံတမယ်ထွက်ခဲ့လိုက်သည်။
နာရီကိုကြည့်လိုက်တော့ နှစ်နာရီထိုးခါနီးနေပြီမို့ခြေလှမ်းတွေကို ပိုအရှိန်မြှင့်လိုက်ကာကျောင်းပေါက်ရောက်သည်နှင့်အငှါးယာဉ်တစ်စီးကို လက်ပြတားလိုက်သည်။
"ဒီလိပ်စာထဲကနေရာကိုသွားပေးပါ"
ယာဉ်မောင်းကို လိပ်စာပြလိုက်ပြီးမှ အသက်ကိုဝအောင်ရှူနိုင်တော့သည်။ပြေးလာတဲ့အရှိန်ကြောင့်နိမ့်ချည်မြင့်ချည်ရင်အစုံက အတန်ကြာသည်အထိ မငြိမ်သက်သေး။
စိတ်ထဲက Jungkookကို ဖျတ်ခနဲသွားသတိရလိုက်တော့ လက်ဖျားတွေပါအေးစက်လာသယောင်။ဟင့်အင်း ငါဘာမှားလို့လဲ။
"ကောင်လေးရောက်ပြီနော်"
"ဟုတ်ကဲ့ကျေးဇူးပါ ဘယ်လောက်ကျလဲမသိဘူး"
ကျသင့်ငွေကိုရှင်းပေးပြီးတဲ့နောက်ကားပေါ်ကဆင်းရန်ပြင်လိုက်သည်။သို့သော်တစ်စုံတစ်ခုသတိရသွားတာမို့ ခဏလို့လက်ထောင်ပြလိုက်ပြီး လွယ်အိတ်ထဲက ဦးထုပ်ကိုဆွဲထုတ်လိုက်သည်။
ရှေ့ဆံပင်ကို နဖူးပေါ်ပုံနေအောင်ချလိုက်ပြီးမှ ဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းလိုက်သည်။ထို့နောက်အငှါးယာဉ်ပေါ်မှဆင်းခဲ့လိုက်တော့သည်။
ကားထွက်သွားသည်နှင့်လွယ်အိတ်ကိုဆွဲကာရှေ့တည့်တည့်က အဆောက်အဦးကြီးထဲကို ဝင်ခဲ့လိုက်သည်။
STAR ONLINEဆိုသောငွေရောင်ဖောင်းကြွစာလုံးကြီးတွေနဲ့ ခန့်ညားထည်ဝါနေသော အဆောက်အဦးကြီးထဲကို ပထမဆုံး သူရောက်ဖူးခြင်းဖြစ်သကဲ့သို့ သူရောက်လာမယ်မှန်းလည်း Jungkook မသိခဲ့ပါ။
လေးဘက်လေးလံ အရပ်မျက်နှာတို့တွင်LED ဘုတ်ပြားကြီးများ အပြည့်နီးပါးတပ်ထားကာ သုံးပုံနှစ်ပုံသော ထိုဘုတ်ပြားကြီးများပေါ်တွင်Jungkookပုံတွေသာပေါ်လို့လာနေသည်။
YOU ARE READING
❝𝐒𝐓𝐀𝐑 𝐎𝐍𝐋𝐈𝐍𝐄❞
Fanfictionကြယ်တွေကို မရေတွက်နဲ့။ အကယ်၍ ကိုယ့်အသက်ကိုယ်နှမြောရင်ပေါ့။