"ဖုန်း"
"ဟ ဘာလုပ်တာလဲ"
သူရှိရာတည့်တည့်ကိုခေါင်းအုံးနဲ့လှမ်းပစ်ပေါက်လိုက်တာကြောင့်ဒေါသကထောင်းခနဲထွက်သွားကာ အခန်းဖော်သူငယ်ချင်းကိုအော်ဟစ်လိုက်သည်။
"ငါမေးနေတာကို မင်းကြားလို့လား"
"ဘာလဲ ဘာမေးတာလဲ"
"ငါ့အတွင်းခံ မင်းဝတ်ထားတာလားလို့"
"ဘာ"
အသံအားကတော်တော်လေး ပြင်းသွားပုံရသည်။အခန်းဖော်ကြီးခမျာ တချက်တုန်သွားလေသည်။
"မဝတ်လည်းပြီးရော ဒါလေးမေးတာကို"
"Jung Hoseok!"
"တော်ပြီ ငါရေသွားချိုးတော့မယ်"
"မင်း အဲ့မှာရပ်နေ "
သူ့ အတွင်းခံကိုယူပြီး ဘာလုပ်လို့ရမှာလဲ။မေးပုံကိုက မဟုတ်တာပါ။မြင်သေးလားမေးတော့အေးရာအေးကြောင်းဖြစ်မှာ မလိုလားသလား။
Jiminကုတင်ပေါ်က ဆင်းရန်ပြင်လိုက်ပေမဲ့ သကောင့်သားက ဆပ်ပြာခြင်းလေးကိုင်ကာ တဘက်လေးတင်လို့ကော့တော့ကော့တော့နဲ့ အခန်းထဲကထွက်သွားချေပြီ။
ဒီJungမျိုးနွယ်အခန်းဖော်နဲ့ကလည်း ရံဖန်ရံခါဆိုသလို စကားခဏခဏများရသည်။စကားများရတဲ့အကြောင်းအရင်းကို ကြည့်ပြန်တော့လည်း ဘာမှကြီးမားတာမရှိ။ဥပမာ-စောနကလို အတွင်းခံပျောက်တိုင်း သူ့ကိုလာလာမေးတာမျိုး။
ဒါတောင်ကိုယ့်ကုတင်ပေါ်မှာ ကိုယ့်ဘာကိုယ်သရဲကားကြည့်မိရင်တောင်တစ်ဆောင်လုံးကြားအောင်အော်ပြဲတာ မပါသေး။အသန့်ကြိုက်တာလေးတစ်ခုပဲ ချီးကျူးစရာရှိသည်။
ပစ်လိုက်လို့ ကျသွားတဲ့ခေါင်းအုံးလေးကိုပြန်ကောက်ကာ အမြင်ကတ်ပုဒ်မနဲ့ ဖင်ခုထိုင်ပစ်ပြီးမှ တဖက်ကုတင်ပေါ်ပြန်တင်ထားလိုက်သည်။ဟင်းဟင်း Park Jiminတိုိ့က အဲ့လိုအဲ့လို ယုတ်မာတတ်သေးသည်။
YOU ARE READING
❝𝐒𝐓𝐀𝐑 𝐎𝐍𝐋𝐈𝐍𝐄❞
Fanfictionကြယ်တွေကို မရေတွက်နဲ့။ အကယ်၍ ကိုယ့်အသက်ကိုယ်နှမြောရင်ပေါ့။