"ကိုယ်စားလှယ်ကြီး အဆင်ပြေတယ်မလား"
"သိပ်တော်တယ်ညနေကျရင်မင်းအတွက်ငွေပို့ထားလိုက်မယ်"
"ဟုတ်ကဲ့ ကိုယ်စားလှယ်ကြီး"
ဆိုယောင်းကျေနပ်အားရစွာပြုံးလိုက်သည်။
"သတင်းတွေကရော ဘယ်အခြေအနေရှိလဲ"
"ကိုယ်စားလှယ်ကြီး ကိုယ်တိုင်ပဲကြည့်လိုက်ပါ"
တရိုတသေကမ်းပေးလာတဲ့ သတင်းစာအထပ်လိုက်။ပထမဆုံးသတင်းစာရဲ့ခေါင်းစီးမှာတင်သူမသဘောတကျနဲ့အော်ရယ်လိုက်မိသည်။
"အဆိုတော်***၏ ချစ်သူမှ Star Online ကိုယ်စားလှယ်***အား ရိုက်နှက်မှုဖြစ်ပွား"
"အဆိုတော်ကောင်လေးနဲ့ ပဋိပက္ခအရှုပ်တော်ပုံများ"
"နစ်နာသူက ဘယ်သူဖြစ်မလဲ?"
မရိုးရသော ထိပ်စီးခေါင်းစဉ်များကိုကြည့်ကာ သူမအသိအမှတ်ပြုသလိုခေါင်းတဆတ်ဆတ်ငြိမ့်နေမိသည်။ဒီလောက်ဆို လုံလောက်ပြီမလား။
"စိတ်ဝင်စားစရာကောင်းသားပဲ သွားလို့ရပြီ"
အနားကလူကို နှင်ထုတ်လိုက်ပြီးအသာအယာပင်မှိန်းနေလိုက်သည်။ဒီချိန်ကောင်လေးနဲ့Park Jiminတို့ဘယ်လိုတွေဖြစ်ပျက်နေမလဲ။
ဒေါက်ဒေါက်
တံခါးခေါက်သံကြောင့်ဆိုယောင်းခေါင်းထောင်သွားရသည်။စုံစမ်းစစ်ဆေးမည့်လူတွေများလား။
"ဝင်ခဲ့ပါ"
သို့သော်ဝင်လာသည့်သူက သူမ,မမျှော်လင့်ထားသူဖြစ်လို့နေသည်။အနှေးနဲ့အမြန်ရောက်လာမယ်ဆိုတာ သိပေမဲ့ သူမသတိရရချင်းရောက်လာတယ်ဆိုကတည်းက ဘယ်လောက်တောင်အဖြစ်သည်းနေလို့ပါလိမ့်။
"ထိုင်ပါဦး"
"အမှုကိုရုတ်သိမ်းပေးပါ"
ကုတင်ခြေရင်းတည့်တည့်မှာရပ်ပြီး ရှုတည်တည်နဲ့ပြောလာတဲ့ Jungkook။ထိုကောင်လေးရဲ့မလိုလားခြင်းအငွေ့အသက်တွေကို သူမခံစားလို့ရနေသည်။
YOU ARE READING
❝𝐒𝐓𝐀𝐑 𝐎𝐍𝐋𝐈𝐍𝐄❞
Fanfictionကြယ်တွေကို မရေတွက်နဲ့။ အကယ်၍ ကိုယ့်အသက်ကိုယ်နှမြောရင်ပေါ့။