Unicode Version
အတူရှိစဥ်တုန်းက ပိုပြီးတန်ဖိုးထားပေးခဲ့သင့်တာဆိုတဲ့ နောင်တ။
တစ်ခါတစ်ရံ ဆောင်းသည်မအေးတတ်။မိုးသည်လည်းမရွာတတ်။သို့ပါသော်ငြား နွေသာလျှင်အမြဲပူတတ်၏။
"Hyung ရှာတွေ့ပြီလားဟင်"
"ဟင် ဘာကိုလဲ"
"ဆံပင်အနီရောင်နဲ့လူကိုလေ"
Jihyun မျက်နှာပျက်သွားပေမဲ့ တခဏအတွင်းပဲ ဘာမှမဖြစ်သလို ပြန်ထိန်းလိုက်သည်။ညီဖြစ်သူကတော့ သူ့ကိုအရောင်လဲ့နေသည့် မျှော်လင့်ချက်သန်းသောမျက်ဝန်းလေးများနှင့် ကြည့်လို့နေသည်။
"Hyungရှာခဲ့တယ် ဆိုးလ်ကအသိတွေကိုလည်းအကူအညီတောင်းခဲ့တယ် အဲ့ဒါ တနေ့က သတင်းရလာတယ်"
"တကယ်လား ဘာတဲ့လဲဟင်"
Jihyun စိတ်ထဲမှ ကြိတ်ပြီးသက်ပြင်းချလိုက်သည်။ထို့နောက် Jiminကိုလည်း တိတ်တဆိတ်တောင်းပန်လိုက်သည်။ခွင့်မလွှတ်လည်း ဖြစ်ပါတယ်။
"သူက မင်းရဲ့ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက်ပဲတဲ့ အရမ်းရင်းနှီးခဲ့တယ်လို့ ပြောတယ် ဒါပေမဲ့ သူကလွန်ခဲ့တဲ့လပိုင်းလောက်ကပဲ မွေးရာပါရောဂါအခံနဲ့ဆုံးသွားပြီတဲ့"
"ဗျာ?"
Jimin ပုံစံက မမျှော်လင့်ထားတဲ့သတင်းဆိုးတစ်ခုကို ကြားလိုက်ရသလို သွေးပျက်သွားသည်။လျှောက်လက်စလမ်းကို Jihyunပြန်လှည့်ဖို့ စိတ်ကူးမရှိ။Jeon Jungkookဟာ Jiminဘဝမှာ သေလူဖြစ်ကိုဖြစ်ရမည်။ထို့အတွက် သူကိုယ်တိုင် သူ့လက်တွေနဲ့ ဖယ်ထုတ်ပစ်မှာ။
"Hyung ဟာက သေချာရဲ့လားဟင်"
"သေချာတယ် မှားစရာအကြောင်းမရှိဘူး သူသေသွားပြီ"
"ဒါဆို သူ့ပုံကို ကျွန်တော်ကြည့်လို့မရဘူးလားဟင်"
"Jimin အခု မင်းက Hyungကို မယုံသင်္ကာဖြစ်နေတာလား"
Jihyun ဒေါသသံစွက်လာတော့ Jiminက ကပျာကယာခေါင်းကို ဆက်တိုက်ယမ်းပြသည်။Jihyun စိတ်လျှော့လိုက်သည်။ဘာပဲဖြစ်ဖြစ် ညီငယ်က အနားယူနေဆဲ လူနာပဲမို့ အကြမ်းမဖက်မိဖို့ သတိထားရမည်။
YOU ARE READING
❝𝐒𝐓𝐀𝐑 𝐎𝐍𝐋𝐈𝐍𝐄❞
Fanfictionကြယ်တွေကို မရေတွက်နဲ့။ အကယ်၍ ကိုယ့်အသက်ကိုယ်နှမြောရင်ပေါ့။