"မပြန်ဘူး"
"Hyungက လိမ္မာပါတယ်ပြန်ကြရအောင်နော်"
"ငါ မပြန်ဘူး မင်းပြန်ချင်ပြန်"
ထုံးစံအတိုင်း ဒီနေ့လည်း ဆိုင်ဖွင့်ပွဲတစ်ခုမှာ Hyung ကိုထပ်တွေ့ရပြန်သည်။မဟုတ်ဘူး ထပ်လိုက်လာတာလို့ပဲပြောရမလား။ကိုယ့်မှာ အလုပ်ကိစ္စမပြီးမချင်း Hyungရှိရာကို ကြည့်လိုက်အလုပ်လုပ်လိုက်နဲ့ စိတ်ကအရှင်းမဖြောင့်။
အခုလည်း ဖွင့်ပွဲပြီးလို့ အိမ်ပြန်မယ်ပြောတော့လည်း မပြန်ဘူးပဲ လုပ်နေသည်။Hyungတစ်ယောက်နဲ့တော့ခက်ချေပါပြီ။
"ပြန်ရအောင်နော်နေလည်းကောင်းတာမဟုတ်ဘဲနဲ့"
ဒီနေ့နဲ့ဆို Hyung ဖျားနေတာ နှစ်ရက်ရှိပြီ။နေမကောင်းရက်နဲ့ ကိုယ့်နောက်လိုက်လာတာကိုပဲ Jungkook ပိုပြီးစိတ်မကောင်းဖြစ်ရသည်။Hyungက သူ့ကို ထိုမျှထိပင်ချစ်ပါသည်။
"ပြန်မယ်နော်လာ"
Jungkookချော့ချော့မော့မော့ပြောတာကြာနေပြီ။သို့သော်Hyungကသူ့စကားကို ပယ်ပယ်နယယ်နယ်ပင်ထိုင်ငြင်းနေဆဲ။Hyung က ဘယ်လိုမှ ထိုင်ရာက ထမည့်ပုံမပေါ်။
Jungkookလည်း ဘယ်လိုချော့ရမယ်မသိတော့တာမို့ သက်ပြင်းအရှည်ကြီးချလိုက်ကာ မျက်နှာလွှဲရင်း Hyung စိတ်ပြေစေမည့်နည်းလမ်းကို အသည်းအသန်စဉ်းစားနေမိသည်။
အတူတူလျှောက်လည်မယ်လို့ပြောပြီးချော့ရမလား။
ဒါမှမဟုတ်အိမ်မှာ ရုပ်ရှင်တူတူကြည့်မယ်လို့ပြောပြီးချော့ရမလား။
Jungkook အတတ်နိုင်ဆုံးချော့ဖို့တွေးကာ ပြန်လှည့်လိုက်တော့ သူ့ကိုကြည့်နေတဲ့ Hyung မျက်ဝန်းတွေနဲ့ သွားဆုံသည်။ဟင်မျက်ရည်တွေဝဲနေတာပါလား။
"Hyung ဘာဖြစ်လို့လဲ ဘာလို့ငိုနေတာလဲ အရမ်းနေမကောင်းဖြစ်နေလို့လား"
Hyungကခေါင်းရမ်းပြသည်။မျက်ရည်မကျအောင်ထိန်းသော်လည်း အမူအရာမပိုင်တဲ့ Hyungက ကလေးတစ်ေယာက်ငိုနေသလို။
YOU ARE READING
❝𝐒𝐓𝐀𝐑 𝐎𝐍𝐋𝐈𝐍𝐄❞
Fanfictionကြယ်တွေကို မရေတွက်နဲ့။ အကယ်၍ ကိုယ့်အသက်ကိုယ်နှမြောရင်ပေါ့။