သီချင်း​လေးနဲ့အိပ်​စက်​ပါ Hyung

8.2K 1K 77
                                    

"တီ တီ တီ"

အဆက်​မပြတ်​မြည်​နေတဲ့ နှိုးစက်​သံ​ကြောင့်​ခေါင်းမြီးခြုံထားရာက​နေ လက်​ကိုသာထုတ်​လိုက်​ပြီး စားပွဲတင်​နာရီကိုလှမ်းပိတ်​လိုက်​သည်​။

ထို့​နောက်​ထုံးစံအတိုင်းပြန်​အိပ်​နေလိုက်​သည်​။သို့​သော်​အိပ်​စက်​ခြင်းက ငါးမိနစ်​တောင်​မခံလိုက်​။ဆက်​တိုက်​တီး​နေတဲ့​ခေါင်း​လောင်းသံ​ကြောင့်​ပြန်​နိုးလာသည်​။

"ဟာကွာ​စော​စောစီးစီးလုပ်​ပြန်​ပြီ"

​ကျောင်းပိတ်​ရက်​လေးမို့ နှိုးစက်​ပါပိတ်​ပြီး ဝဝလင်​လင်​အိပ်​ရမလားမှတ်​ပါတယ်​။နှိုးစက်​ပြီး​တော့​ခေါင်း​လောင်းသံက တ​ဒေါင်​ဒေါင်​နဲ့။ရက်​စက်​ပါ​ပေ့။

"လာပြီ​ဟေ့ လာပြီ"

စိတ်​ပေါက်​ပေါက်​နဲ့​အော်​ဟစ်​လိုက်​ပြီး တစက်​က​လေးမှအားကိုး​ဖော်​မရတဲ့ အခန်း​ဖော်​ကို စိတ်​ထဲက​မေတ္တာပို့လိုက်​မိသည်​။အိမ်​မက်​ထဲ ကင်းကိုက်​ပါ​စေ။

ဝရံတာကို​ရောက်​တော့ လှုပ်​ခါ​နေတဲ့ကြိုးကိုဆွဲယူလိုက်ရင်းက အ​ဆောင်​အောက်​ကိုမျက်​လုံး​တွေ​ရောက်​သွားသည်​။ဟင်​အရိပ်​က​လေးမလား။အခန်းထဲက နံရံကပ်​နာရီကိုကြည့်​လိုက်​တော့ မနက်​ငါးနာရီကိုညွှန်​ပြ​နေသည်​။

"ဒီ​လောက်​အ​စောကြီး"

ပါးစပ်​က လွှတ်​ခနဲ​ပြောလိုက်​မိပြီး လက်​လှမ်းပြ​နေတဲ့အရိပ်​က​လေးကို ကြည့်​နေမိသည်​။နက်​ပြာ​ရောင်​အားကစားဝတ်​စုံနဲ့ အရိပ်​က​လေးက နှင်း​တွေကြားမှာ သူ့ကိုပြုံးပြ​နေသည်​။ယမန်​နေ့ ည​နေခင်းကမြင်​ခဲ့တဲ့ အနီ​ရောင်​ဆံနွယ်​တွေကို​တော့ ဦး​ထုပ်​လေးနဲ့ဖုံးကွယ်​ထား​လေသည်​။

"ဘာလဲ"

အသံတိုးတိုးနဲ့အမူအရာလုပ်​ပြပြီး​မေးလိုက်​တော့ ဘယ်​ဘက်​ရင်​အုံနားကို လက်​နှစ်​ဖက်​ကပ်​ပြကာ အသည်းပုံ​လေးလုပ်​ပြ​လေသည်​။က​လေးကလားနဲ့။

❝𝐒𝐓𝐀𝐑 𝐎𝐍𝐋𝐈𝐍𝐄❞Donde viven las historias. Descúbrelo ahora