နက်​ဖြန်​သစ္စာ

6K 921 175
                                    

"​တိုင်​တည်​ခြင်းမ​မြောက်​

ဆု​တောင်းခြင်းမမည်​

ကတိမဟုတ်​တဲ့ သစ္စာ

Hyungနံ​ဘေး​နေဖို့သက်​သက်

ကျွန်​တော်​မွေးဖွားလာခြင်းသာ။"

"ချမ်း​နေပြီလား Hyung"

ရင်​ခွင်​ထဲက ကိုယ်​လုံးငယ်​လေးကို ငုံ့မိုးကာ​မေးလိုက်​တော့ အသာအယာပင်​ခေါင်းယမ်းပြရင်း ရင်​ခွင်​ထဲကို​ကြောင်​ပေါက်​လေးလို တိုး​ဝှေ့ကာဝင်​နေပြန်သည်​။

ခုချိန်​ထိ သူ​ရောHyungပါ ဟန်​မြစ်​ကမ်း​ဘေးက မခွာဖြစ်​ကြ​သေး။တဖြူးဖြူးတိုက်​ခတ်​နေတဲ့​လေ​တွေ​ကြောင့်​Hyungဖျားမှာကို စိုးရိမ်​ကဲလိုက်​မိသည်​။သို့​သော်​လည်း သူ့ရင်​ခွင်​ထဲမှာ ဖက်​ထုပ်​လုံးလုံး​လေးလိုရှိ​နေတဲ့ Hyungက​တော့ အိမ်​မပြန်​ချင်​သေးဘူးတဲ့​လေ။

"Jungkook"

"​ပြော​လေ Hyung"

"ငါ့ကိုမုန်း​နေပြီလားဟင်​"

​တောင်းပန်​တိုးလျှိုးသလိုစကားအဆုံးမှာ Hyungရဲ့​လေသံ​တွေက သိသိသာသာပင်​ပျော့​နေခဲ့သည်​။အရင်​ကလိုပဲ ကျွန်​တော့်​ကိုသဝန်​တိုပြီး ထုရိုက်​ဆဲဆိုပစ်​လိုက်​ပါလား Hyungရယ်​။

"ဟင့်​အင်း Hyungကိုအချစ်​ဆုံးပဲ"

"​ကျေးဇူးတင်​တယ်​"

"သိပ်​ချစ်​တာပါ"

မကျဉ်းမကျယ်​နဖူးပြင်​ထက်​ဆီကို အနူးညံ့ဆုံးဟုယူဆလို့ရတဲ့ အနမ်းတစ်​ပွင့်​ခြွေကာ​လေတချက်​ဝှေ့တိုင်း နှစ်​ဆတိုး​ထွေးဖက်​ထားမိသည်​။စကြဝဠာအဆုံး​တွေထိ Hyungနဲ့အတူသွားချင်​တယ်​ဆိုရင်​ပိုတယ်​ထင်​ကြ​လေမလား။

"ပြန်​ရ​အောင်​နော်​"

"အင်း"

ဒီတခါ​တော့ Hyungက​ရှော​ရှောရှူရှူပင်​လက်​ခံလိုက်​သည်​။သူ့လက်​ဖဝါးကြီးကြီးတစ်​ဖက်​ထဲမှာ Hyungလက်​သေး​သေး​လေးကို နစ်​မြုပ်​ထား​စေလိုက်​ပြီး အိမ်​အပြန်​လမ်း​တွေကို ဦးတည်​ခဲ့သည်​။

❝𝐒𝐓𝐀𝐑 𝐎𝐍𝐋𝐈𝐍𝐄❞Where stories live. Discover now