အကြင်နာသာ တကယ်စစ်ရင်အသွားနဲ့အပြန်ဆိုတာ ရှိမှာပါဆို။
တကယ်သာဆို မင်းကလမ်းဖောက်ပေးခဲ့ပြီး ငါတစ်ယောက်တည်းပဲ ဆက်လျှောက်ပြန်လှည့်ခဲ့ရတာပါ။
ဖန်တရာကျေအောင်အမှတ်မရှိထပ်ခါထပ်ခါလျှောက်ရင်း မင်းကိုတွေ့မလားဆိုတဲ့စိတ်နဲ့ ငါဟာမိုက်မဲဆဲ။
နောက်ဆုံး ငါပြန်တွေ့ခဲ့ရတာ အချစ်လို့မင်းပြောတဲ့ အလျားအနံမရှိသလို အသွားအပြန်လည်းမရှိတဲ့ အတုအယောင်တွေသာ။
မနက်ခင်းရောင်နီနေမင်းကြီးရဲ့ အလင်းအောက်မှာ နိုးထလာတဲ့ လူတွေက ဟိုမှသည်သည်မှဟို သွားလာနေကြသည်။
တချို့သောနိုးထခြင်းမရှိသေးတဲ့ အဆောက်အဦးတွေကတော့အလင်းရောင်ဖျော့ဖျော့အောက်မှာ မှုန်မှိုင်းရီဝေစွာ တိတ်ဆိတ်နေဆဲ။
"ကလောင်ကလောင်ကလောင်"
ခေါင်းလောင်းသံက အဆက်မပြတ်မြည်နေပေမဲ့ကျောကအိပ်ရာမှ မခွာနိုင်တာကြောင့်အုံးထားသောခေါင်းအုံးကိုဆွဲယူကာ နားပေါ်တင်လိုက်ပြီး လက်နဲ့ဖိကာ ဆက်အိပ်နေလိုက်သည်။
"ကလောင်ကလောင်ကလောင်"
မရမကဆက်အိပ်နေသော်လည်းခေါင်းလောင်းသံကပျောက်ကွယ်မသွား။အိပ်နေတုန်းနှောင့်ယှက်ခံရတာလောက်သူမုန်းတာမရှိ။
"ဒုန်း ဒုန်း"
"Park Jimin သွားကွာ ကြိုးသွားဆွဲချေ "
"မင်းသွားဆွဲပါ့လား ငါအိပ်ဦးမှာ"
ဘေးချင်းကပ်က ကုတင်မှာအိပ်နေတဲ့ တစ်ကျောင်းတည်းသား သူငယ်ချင်းက သူ့ကုတင်ကိုခြေထောက်ရှည်ကြီးနဲ့ လှမ်းကန်ကာခေါင်းလောင်းကြိုးကို ဆွဲခိုင်းနေသည်။
"ကလောင်ကလောင်ကလောင်"
"သွားပါကွာ သူငယ်ချင်းကလည်း ဝရံတာကမင်းနဲ့ပိုနီးတယ်သွားဆွဲလိုက်ပါ"
"ကျစ်အိပ်ချင်ပါတယ်ဆိုကွာ"
ခေါင်းအုံးကိုဖယ်ကာစောင်ကိုဖြစ်သလို ကန်ထည့်လိုက်သည်။ထို့နောက်ကုတင်ပေါ်ကဆင်းကာ ကြိုးဆွဲရန်အတွက်ဝရံတာဆီကို မျက်နှာမကြည်မလင်နဲ့ ထွက်ခဲ့လိုက်သည်။
أنت تقرأ
❝𝐒𝐓𝐀𝐑 𝐎𝐍𝐋𝐈𝐍𝐄❞
أدب الهواةကြယ်တွေကို မရေတွက်နဲ့။ အကယ်၍ ကိုယ့်အသက်ကိုယ်နှမြောရင်ပေါ့။