အချစ်​မရှိတဲ့အချိန်​မှာ

6.4K 975 107
                                    

"တို့အနားမှာ အချစ်​မရှိတဲ့အချိန်​မှာ
ဘာ​ကြောင့်​ပိုသည်းလဲ မိုး​ဒေဝါ
​လေထုထဲမှာ ပုံရိပ်​လေးများ
ဟိုဒီ​ရွေ့လျား

အရင်​ကလို​နွေး​ထွေးပါရ​စေလား
လွမ်းတယ်​သူ့အနမ်းဖွဖွများ...."

မနက်​ရှစ်​နာရီ တစ်​ဆယ့်​ငါးမိနစ်​။

မှန်​ထဲက ပုံရိပ်​တစ်​ခု။ဆံနွယ်​တွေက ပွ​ယောင်း​ယောင်းရှိကာ မျက်​တွင်း​တွေလည်း အနည်းငယ်ညိုကာ ချိုင့်ဝင်​ကျ​နေသည်​။​နေ​ကောင်း​ပျောက်​ကာစမို့လားမသိ တစ်​ကိုယ်​လုံး ရှိသမျှအားအင်​တွေ ယုတ်​လျော့​နေသလို ခံစားရသည်​။

စိတ်​မချမ်းသာစရာ မှန်​ပြင်​ရှေ့ကလှည့်​ထွက်​ခဲ့ပြီး ကုတင်​ဘေးက စားပွဲ​ပေါ်မှာ တင်​ထားတဲ့စာကိုယူကာ ဖွင့်​ဖောက်​ကြည့်​လိုက်​သည်​။တစ်​အိမ်​လုံးမှာ သူစာအိတ်​ဖောက်​တဲ့အသံကလွဲရင်​ဘာသံမှမကြားရ​အောင်​ဆိတ်​ငြိမ်​နေသည်​။

စာထဲတွင်​Jungkookက ဒီ​နေ့တွင်​ကြော်​ငြာရိုက်​ကွင်းတစ်​ခုရှိတာမို့ အလုပ်​သွားပြီဖြစ်​ကြောင်းနဲ့ အတတ်​နိုင်​ဆုံး​စော​စောပြန်​လာခဲ့မည်​ဟု​ရေးသားထားသည်​။ထို့​နောက်​ချစ်​တယ်​ဆို​သောစကားကိုလည်း မ​မေ့​မ​လျော့​ရေးဖြစ်​အောင်​ရေးထား​သေးသည်​။

Jimin အားမရှိတဲ့ကြားက​ဖျော့​တော့စွာပြုံးမိလိုက်​သည်​။မနက်​စာကိုလည်း Jungkookပြင်​ထား​ပေးပြီးသားဖြစ်​မယ်​မှန်း​တွေးကြည့်​တာနဲ့တင်​သိနိုင်​သည်​။ကိုယ်​ပေါ်က အ​နွေးထည်​ပါးပါးလှပ်​လှပ်​ကို ရင်​ဘတ်​ထိဆွဲဆန့်​လိုက်​ပြီး မနက်​စာစားဖို့ အခန်းထဲကထွက်​ခဲ့လိုက်​သည်​။

ထမင်းစားပွဲ​ပေါ်မှာ အုပ်​ဆောင်း​လေးနဲ့အုပ်​ထားတဲ့ မနက်​စာကို အသင့်​တွေ့လိုက်​ရသည်​။အုပ်​ဆောင်း​ပေါ်မှာ ကပ်​ထားတဲ့ စာရွက်​လေး​ပေါ်မှာ​တော့ အားရှိ​အောင်​အများကြီးစား​ပေးဖို့​ရေးထားတဲ့ Jungkookလက်​ရေးဝိုင်း​တွေကို​တွေ့လိုက်​ရသည်​။

"​ကောင်း​ကောင်းစားပါ့မယ်​"

Jimin တိုးတိုးတိတ်​တိတ်​ပဲ​ပြောလိုက်​ပြီး စားဖို့ပြင်​လိုက်​သည်​။ထိုချိန်​မှာပဲ "ချ​လောက်​"ဟူ​သော အသံနဲ့အတူ အိမ်​ထဲဝင်​လာတဲ့ Jungkookကို​တွေ့လိုက်​ရသည်​။

❝𝐒𝐓𝐀𝐑 𝐎𝐍𝐋𝐈𝐍𝐄❞Tempat cerita menjadi hidup. Temukan sekarang