Remedy
ဖြူလွလွနှင်းတွေ။
နေမင်းကိုစနောက်ကာ လူးလူးလွန့်လွန့် ဝဲကျလာသည်က ဤကမ္ဘာမြေကြီးထက်ကို။ခပ်လှမ်းလှမ်းဆီက နှင်းတွေကြားထဲ ပျော်ရွှင်နေသူတစ်ယောက်။နှင်းမှုန်တွေက ထိုလူသားလေးဘေးမှာ ပတ်ပတ်လည်ပျံဝဲကာ လွှမ်းခြုံထားသည်။နှင်းတွေကို ချစ်သလား။
၎င်းနှင်းဖြူဖြူတို့က Hyungကိုပြုံးစေသလား။
ဒါဆိုရင်တော့ နှင်းတွေနဲ့ကျွန်တော်စကားပြောဖို့လိုပြီ။နှင်းလုံးအကြီးကြီးတွေလုံးရင်း မအားလပ်နိုင်တဲ့လူသားလေးဆီ တရွေ့ရွေ့တိုးကပ်လာမိသည်။ဒီကို တချက်လောက် အဖက်လုပ်ပါဦးလား။ သူ့မျက်နှာကြီး ဒီချိန်သုန်မှုန်နေပြီလားမသိ။
"Hyung~"
မည်မျှပင် တိုးတိုးဖွဖွခေါ်စေကာမူ Hyungကကြားသည်။နှုတ်ခမ်းလေးတစ်ချက်ဝိုင်းသွားကာ သူ့ကိုပြုံးပြလာသည်။သူ့လောကကြီးရဲ့အလှပဆုံး အခိုက်အတန့်လေးတွေက Hyungအပြုံးမှာ တွဲလွဲခိုလို့နေသည်။
"Jungkook ဒီမှာကြည့် ဒါကမင်း ဒါကငါ"
အောက်ခြေပိုင်းသာပြီးသေးတဲ့ နှင်းလုံးကြီးတွေကိုညွှန်ပြနေတဲ့ လက်ညိုးငယ်လေး။သူ အသည်းယားစွာနဲ့ပဲ အနားကိုတိုးသွားလိုက်ရင်း လက်ကလေးနှစ်ဖက်ကိုသူ့လက်ကြီးတွေထဲမှာ ဆုပ်ကိုင်အုပ်မိုးထားပေးလိုက်သည်။
"ကြည့်ပါဦး အေးစက်နေတာပဲ အအေးပတ်သွားရင် ဘယ်လိုလုပ်မလဲ"
ကားထဲမှာမေ့ကျန်ခဲ့တဲ့ လက်အိတ်တွေသွားယူနေတုန်း Hyungက နှင်းတွေနဲ့ထိတွေ့နေခဲ့တာမို့ လက်ကလေးတွေက ကျင်ထုံလို့ပင်နေပြီ။
"ငါဘာမှမဖြစ်ပါဘူး နှင်းတွေကိုကိုင်ကြည့်ချင်လို့"
လက်အိတ်ဝတ်ပေးတော့မဲ့ဆဲဆဲ သူ့လှုပ်ရှားမှုတွေက Hyungရဲ့စကားကြောင့် ရပ်တန့်သွားသည်။Hyungက နှင်းတွေကိုထိဖို့ဆန္ဒရှိတယ်တဲ့လား။
"လာ ကျွန်တော်ပါကူပေးမယ်"
"အင်း"
YOU ARE READING
❝𝐒𝐓𝐀𝐑 𝐎𝐍𝐋𝐈𝐍𝐄❞
Fanfictionကြယ်တွေကို မရေတွက်နဲ့။ အကယ်၍ ကိုယ့်အသက်ကိုယ်နှမြောရင်ပေါ့။