ယနေ့
ရာသီဥတုကအနေတော်အပူရှိန်နဲ့လေငြိမ်နေတာမို့နေရထိုင်ရတာ သက်သာလှပေသည်။ကျောင်းဝန်းထဲက အရိပ်ရသစ်ပင်ကြီးအောက်မှာ ဝင်ထိုင်လိုက်ပြီး အတွေးတွေထဲမျောနေမိသည်။
"Jimin"
"ဟင်"
ခေါ်သံကြားမှ သတိပြန်ဝင်လာသည်။ဘေးနားမှာ ချက်ချင်းဝင်ထိုင်လိုက်တဲ့ယောင်းရဲ့ပုခုံးကိုလှမ်းဖက်လိုက်တော့ယောင်းကထုံးစံအတိုင်း ရိုက်ထုတ်သည်။
"မင်းကလည်း ဒါလေးဖက်တာကို"
"မဖက်နဲ့ ငါမေးစရာရှိလို့"
"အင်းမေး"
နှုတ်ကသာပြောလိုက်ပြီး မျက်လုံးတွေကတော့ သစ်ပင်ပေါ်ကိုမော့ကြည့်ကာနေပြောက်လေးတွေကိုသာ ကြည့်နေမိသည်။
"ဟိုနေ့ကဂျောင်ကုနဲ့ပြဿနာတက်တာလား"
"ပြဿနာကတော့ တက်နေတာပဲ ဘယ်နေ့လဲဆိုတာပဲ မသိတာ"
Jiminသက်ပြင်းချရင်းကပြောလိုက်သည်။ပြီးမှယောင်းဘက်ကိုမျက်နှာမူလိုက်တော့ယောင်းက သူ့ကိုစိတ်ရှုပ်သလိုငေးကြည့်နေတာကိုတွေ့လိုက်ရသည်။
"မင်းစိတ်ကိုလည်းလျှော့ဦးတော်ကြာ Jungkookစိတ်ကုန်သွားရင်"
"စိတ်ကုန်သွားတော့လည်း လမ်းခွဲရုံပေါ့ ဘာဆန်းတာမှတ်လို့ ငါထားခဲ့တဲ့ရည်းစားတွေလည်းဒီတိုင်းပဲ"
Jiminအဖြေကပေါ့ပျက်ပျက်နိုင်သည်ဟု ထင်ရသော်လည်း စိတ်ထဲမပါမှန်း ထယ်ယောင်းအတပ်သိသည်။ဒီကောင်ပြတ်မယ်လို့သာပြောနေတာ တကယ်လက်တွေ့ကျ လုံးဝမပြတ်နိုင်သူ။
"မင်းကို သူသိပ်ချစ်တာပါ"
ထယ်ယောင်းစကားကြောင့်Jiminရင်ထဲကျေနပ်သွားရသည်။ဒီလိုပဲ ဖြစ်နေရမှာလေ။
"မင်းပဲ အစက ငါ့ကိုသူနဲ့အားမပေးဘူးဆို"
"ဒီမှာ Jimin ငါပြောတာကိုသေချာနားထောင်မင်းတို့ချစ်သူနှစ်ယောက်ချစ်ကြတယ်ဆိုတာ ဟုတ်တယ်ဒါပေမဲ့ Jungkookအောင်မြင်နေတဲ့လူတစ်ယောက်"
YOU ARE READING
❝𝐒𝐓𝐀𝐑 𝐎𝐍𝐋𝐈𝐍𝐄❞
Fanfictionကြယ်တွေကို မရေတွက်နဲ့။ အကယ်၍ ကိုယ့်အသက်ကိုယ်နှမြောရင်ပေါ့။