ကောင်းကင်သည်အပြာနုနုရောင်ပြေးသော်လည်း တိမ်တွေမရှိလျှင်ပိုလှကောင်းလှပေလိမ့်မည်။
"Jimin သူအပြင်မှာစောင့်နေတုန်းပဲ မင်းဘာဆက်လုပ်မှာလဲ"
ယောင်း ထိုစကားကိုပြောနေတာ ဘယ်နှစ်ကြိမ်ရှိပြီလဲဆိုတာတောင်မသိတော့။သကောင့်သားကလည်း ကုတင်ပေါ်မှာ ငူငူကြီးထိုင်နေသည်။ဒင်းလူကလည်း အဆောင်ရှေ့က ထိုင်ကာ ထွက်မလာမချင်း တဖဝါးခွာမည့်ပုံမပေါ်။
ကြမ်းပြင်ပေါ်ပြုတ်ကျနေတဲ့ ဖုန်းလေးမှာလည်းခေါ်ဆိုမှုပေါင်းမြောက်များစွာနဲ့ တဒီးဒီးတုန်ခါလို့နေသည်။
"Jimin ထွက်တွေ့လိုက်ပါကွာ နှစ်ဦးနှစ်ဖက်လုံးအဆင်ပြေအောင်ညှိကြည့်ပေါ့"
"မသွားချင်ဘူး"
Jimin ကခေါင်းမာသည်။ချော့မော့ပြောနေလည်း မရဘဲပေကပ်ကာထိုင်နေမြဲ။အောက်ကတစ်ယောက်လည်း ဇွဲကြီးလွန်းသည်။ဒီပုံအတိုင်းသာဆို အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ကြဦးမှာ အသေအချာပင်။
နောက်ဆုံးမနေနိုင်တဲ့သူကပဲ လျစ်လျူရှုခံဖုန်းကို ကိုင်လိုက်ရတော့သည်။သမီးရည်းစားတွေကြား ဝင်ပါမကောင်းမှန်းသိပေမဲ့ ကိုယ့်လူကလည်း တမင်မုန်းလို့လုပ်နေတာမဟုတ်ဘူးလေ။
"ဟယ်လို Hyung"
"ငါ ထယ်ယောင်းပါ "
"Hyung Hyung အဲ့မှာရှိတယ်မလား Hyungကိုဖုန်းပေးပေးလို့ရမလား"
"အင်း ခဏ"
ထယ်ယောင်း သက်ပြင်းချကာ ကုတင်ပေါ်မှာထိုင်နေဆဲ Jiminကိုဖုန်းပေးလိုက်သည်။ဘာအရိပ်အယောင်မှမတွေ့ရတဲ့ မျက်ဝန်းသေတွေနဲ့ ခံစားချက်မရှိတဲ့လူတစ်ယောက်လို စိုက်ကြည့်နေသူ Jimin။
"ကိုင်လိုက်ပါ Jiminရာ အခြေအနေတွေကိုအခုထက်ပိုရှုပ်မသွားအောင်"
ယောင်းချော့ချော့မော့မော့နဲ့အတန်ကြာအောင်ပြောလိုက်ရသည်။ထိုအခါမှ ကိုယ်တော်ချောက ဖုန်းပြန်ဖြေသည်။
YOU ARE READING
❝𝐒𝐓𝐀𝐑 𝐎𝐍𝐋𝐈𝐍𝐄❞
Fanfictionကြယ်တွေကို မရေတွက်နဲ့။ အကယ်၍ ကိုယ့်အသက်ကိုယ်နှမြောရင်ပေါ့။