"ကိုယ့်ကိုသိလို့လား?"
ထိုမေးခွန်းသည် အသားစိုင်အား စူးခနဲစိုက်ဝင်သွားသည့် မြှားတစ်စင်းပမာ။Jungkook အထိတ်တလန့်မော့ကြည့်မိသည်။ သူ့ကိုငုံ့ကြည့်နေသော လူသားလေးရဲ့မျက်ဝန်းအစုံမှာ သူ့အားကရုဏာသက်နေသည့် အရိပ်အယောင်တို့ကိုသာတွေ့ရသည်။ မြင်ချင်မိသည့်တစ်စုံတစ်ခုကို အသည်းအသန်ရှာမိပေမဲ့ မတွေ့။
"ကျွန်တော်....."
"ဘယ်နေရာကနေမကောင်းလို့လဲ အဆင်ပြေရဲ့လား"
Hyungက....Hyungက သူ့ကိုမမှတ်မိတော့ဘူး။
သူ့အမေးကို ထိုကောင်လေးကပြန်မဖြေတာမို့ Jiminဆက်မမေးဖြစ်တော့။ဒီတိုင်း လူမှားသွားတာလည်း ဖြစ်နိုင်တာပဲ။
"ဒါဆို သွားခွင့်ပြုပါဦး"
Jimin ခါးထက်ကလက်တွေကို ဖယ်ချဖို့ကြိုးစားပေမဲ့ ထိုကောင်လေးကလွှတ်မပေး။ Jiminရင်ထဲ ကြောက်စိတ်ဝင်လာသည်။မဟုတ်ဘူး ဝမ်းနည်းစိတ်ဆိုပိုမှန်မယ်။
"တောင်း..တောင်းပန်ပါတယ် သွားပါရစေ"
"မသွားပါနဲ့ ထပ်ပြီး ဘယ်ကိုမှ"
ကွဲအက်နေသည့်အသံနောက်မှာ JIMINငိုမိသည်။ အရေပြားအပေါ်ယံနာကျင်မှု တစိုးတစိမျှပင်မရှိပါဘဲ မျက်ရည်မိုးကဖွဲဖွဲရွာချသည်။ မင်း ဘယ်သူလဲ ကောင်လေး။ ငါနဲ့ရော ဘယ်လိုတွေဆက်နွှယ်နေခဲ့တာလဲ။
"ကျောင်းကြီးကအရမ်းလှတာပဲ ကောင်လေးကရော ဒီမှာတက်နေတာလား"
မြေကြီးနှင့်လွတ်နေသည့် ခြေထောက်လေးနှစ်ချောင်းကို ရှေ့နောက်လွှဲယမ်းရင်း JIMINမေးလိုက်သည်။ အရမ်းငိုထားတာကြောင့်ရော အအေးဒဏ်ကြောင့်ရော နှာခေါင်းထိပ်လေးကနီရဲနေသည့် ကောင်လေးက သူ့အား ရီဝေဝေနဲ့စိုက်ကြည့်လာသည်။JIMIN အလှဆုံးပြုံးပြလိုက်သည်။
"ထပ်မငိုနဲ့တော့ ကလေးကျနေတာပဲ"
Jimin ကောင်လေးအား ချော့ချော့မော့မော့နဲ့ပြောလိုက်သည်။ လူရှာမည့်ကိစ္စထက် ထိုကောင်လေးကို ဘာကြောင့်ပိုအရေးပေးနေမိတာလဲ။ကိုယ်တိုင်ပင် မတွေးတတ်။
"Hyung က.....ကျွန်တော့်ကို Hyungအကြောင်းပြောပြပေးလို့ရမလား"
"ဟမ်"
YOU ARE READING
❝𝐒𝐓𝐀𝐑 𝐎𝐍𝐋𝐈𝐍𝐄❞
Fanfictionကြယ်တွေကို မရေတွက်နဲ့။ အကယ်၍ ကိုယ့်အသက်ကိုယ်နှမြောရင်ပေါ့။